ထန်တလန်မြို့ ၊ တာဝါတိုင်ကုန်းစခန်းတွင် အကြမ်းဖက် CNA/CNF များ၏ အလောင်း၊ လက်နက် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


(ပြည်တွင်း)ဩဂုတ် ၈

ယမန်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် ထန်တလန်မြို့ ၊ တာဝါတိုင်ကုန်းစခန်းတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များသည် အကြမ်းဖက် CNA/CNF များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်အလောင်းနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရသည်။

ယင်းထိတွေ့တိုက်ပွဲမှ အကြမ်းဖက် CNA/CNF ၄၀ လောင်း၊ K-42 သေနတ် ၁ လက်၊ M-79 သေနတ် ၁ လက်၊ KA သေနတ် ၁၂ လက်၊ MA-1 သေနတ် ၁ လက်၊ MA-2 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊
BA-63 သေနတ် ၂ လက်၊ ၅.၅၆ မမ ကျည် ၂၀၀ တောင့်၊ ၇.၆၂ မမကျည် ၁၀၀ တောင့်၊ အမ်-၂၂ ကျည် ၇၀၀ တောင့်၊ လက်ပစ်ဗုံး ၁၀ လုံး၊ ကျည်အိမ်မျိုးစုံ ၆ ခု၊ ကျည်ကာအင်္ကျီ ၃၀ ထည်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

GE #SZ