(ပြည်တွင်း)ဩဂုတ် ၈

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာတွင် ယမန်နေ့ က တပ်မတော်စစ်ကြောင်းမှ နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် အကြမ်းဖက်အင်အား ၃၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်မတော်လုံခြုံရေးအဖွဲ့များ၏ ပြန်လည်ပစ်ခတ်မှုကြောင့် အကြမ်းဖက် PDF အလောင်း ၂ လောင်း၊ Type-81 ၁ လက်၊ ကျည်အိမ် ၆ ခု၊ ကျည်မျိုးစုံ ၄၀၂ တောင့်၊ အမ်ဂျီ(၁) လက်ပစ်ဗုံး ၁ လုံး၊ကျည်ကာအင်္ကျီ ၃ ထည် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews