အိန္ဒိယနိုင်ငံတွင် အဆောက်အအုံပြိုကျမှုအတွင်း လူခုနစ်ဦးထက်မနည်း သေဆုံးပြီး အများအပြား ပိတ်မိနေမည်ကို စိုးရိမ်နေကြ

(နိုင်ငံတကာ) ဇူလိုင် ၇

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် စနေနေ့က ပြိုကျခဲ့သည့် အဆောက်အအုံတစ်ခု ပြိုကျမှုကြောင့် လူခုနစ်ဦးထက်မနည်း သေဆုံးပြီး အများအပြား ပိတ်မိနေသည်ဟု ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဆူရတ်မြို့တွင် စနေနေ့မွန်းလွဲပိုင်းတွင် ငါးထပ်အဆောက်အအုံပြိုကျခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့မှ Babulal Yadav က သတင်းထောက်များအား တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ပြိုကျပြီးနောက် အပျက်အစီးများကို ရှင်းလင်းရန် အဖွဲ့များက ကြိုးပမ်းနေချိန်တွင် တစ်ပြိုင်နက်တည်း ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း မြို့တော်၏ ဒုတိယရဲမင်းကြီး Rajesh Parmar က ပြောကြားခဲ့ပြီး လူမည်မျှပိတ်မိနေသေးသည်ကို မရှင်းလင်းကြောင်း ပြောကြားခဲ့သည်။

စနေနေ့က ၁၂ နာရီကြာ ကယ်ဆယ်ရေးလုပ်ငန်းအပြီး အမျိုးသမီးတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

ပြိုကျရသည့်အကြောင်းရင်းကို တော့ ယနေ့အထိမသိရသေးဘူးဟုလဲ ဆိုပါတယ်။အထူးသတင်းအနေနှင့်တင်ပြလာခြင်းဖြစ်ပါသည်။

ဇွဲ(Hydro)