ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာမှ ရပ်ကျေးပြည်ခိုင်ဖြိုးကော်မတီဝင် ၁ ဦးကို အကြမ်းဖက်KIAအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်မှုနှင့်ကချင်ပြည်နယ်မြေပြင်စစ်ရေးအနေ

(အကြမ်းဖက်) ဇွန် ၂၂

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာမှ ဦးမင်းလွင်ကို ဇွန်လ ၂၀ ရက်နေ့ နေ့လည်ပိုင်းအချိန်ခန့်တွင် အကြမ်းဖက်အဖွဲ့ဖြစ်သော KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူသူသည် ကျောက်ကြီးကျေးရွာနေထိုင်သူဖြစ်ပြီးရပ်ကျေးပြည်ခိုင်ဖြိုးကော်မတီဝင် တစ်ဦးဖြစ်ကြောင်းသိရသလို ၎င်း၏နေအိမ်တွင်လည်း ပြည်ခိုင်ဖြိုးပါတီရပ်ကျေးအုပ်စုဆိုင်းဘုတ်တင်ထားကြောင်းသိရသည်။

မြစ်ကြီးနား-ပူတာအိုကားလမ်းပိုင်း တနေရာ ပြုပြင်နေသည့်အတွက် ပူတာအိုဘက်သို့အတက်အဆင်ပြုလုပ်နေသောကားများကို ယမန်နေ့မှစ၍ ယာယီ ရပ်နားထားကြောင်း ၊ပူတာအိုမြို့မရောက်မီ မဆွန်ဇွပ်(masum zup)နှင့်တန်ဂျာကျေးရွာကြား ကျောက်ရေတွင်း (ကချင်အခေါ်အဝေါ် Shin dan mada )အောက်ဘက်၌ လမ်းချောက်ကမ်းပါးပြိုနေသည့်အတွက် လမ်းပြုပြင်နေဆဲဖြစ်ကြောင်း ၊လက်ရှိအချိန် မြစ်ကြီးနား-ပူတာအို အတက်ရော၊ အဆင်းပါ ယာယီရပ်နားထားရပြီး လမ်းပြုပြင်ပြီးစီးဖို့ အချိန်သုံးရက်လောက်ကြာနိုင်ကြောင်း ဒေသခံများထံမှသိရပါသည်။

ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဖားကန့် ၊ဆိုင်းတောင်ရွာဟောင်း၊ ရေကြည်ချောင်းဘက်သို့ အကြမ်းဖက် KIA/PDF တို့အဖွဲ့မှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သဖြင့်လက်နက်ကြီးကျည် လူနေရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲ၍ လူအသေအပျောက်များ ရှိကြောင်းသိရှိရပါသည်။

ဝိုင်းမော်မြို့ အထက (၁) စာသင်ကျောင်းအနီးရှိနေရာများတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများ တစ်နေ့ထက်တစ်နေ့ ပိုများလာနေကြောင်း၊ ယခင်ကထက်အခြေအနေပိုမိုဆိုးရွားလာနေ၍ နောင်တွင် ကျောင်းသားလူငယ်များအထိ ရောက်လာနိုင်သည့်အတွက် အမြန်ဆုံးဖမ်းဆီးအရေးယူပေးနိုင်ရေးဒေသခံများက လိုလားတောင်းဆိုနေကြောင်းသိရပါသည်။

PAN