5G ကွန်ရက် စမ်းသပ်အောင်မြင်ကြောင်း ATOM ထုတ်ပြန်


(ပြည်တွင်း) ဇွန် ၁၇

ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်တဲ့ အက်တမ်(ATOM)က ရန်ကုန် နဲ့ မန္တလေးမြို့တွေမှာ 5G အင်တာနက်ကွန်ရက်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

5G မိုဘိုင်းကွန်ရက် စမ်းသပ်မှု ကို ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်က ရန်ကုန်နဲ့ မန္တလေးမြို့ကြီး နှစ်မြို့မှာ ပြုလုပ်နိုင်ခဲ့တာလို ဆိုပါတယ်။

အက်တမ်(ATOM)အနေနဲ့ ခေတ်မီနည်းပညာခေတ်သစ်တစ်ခုကို စတင်နိုင်ဖိုအတွက် 5G မိုဘိုင်းအင်တာနက် ကွန်ရက် စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

5G ကွန်ရက်စမ်းသပ်မှုဟာ အခုလက်ရှိ 4G အင်တာနက်ကွန်ရက်တွေနဲ့ နှိင်းယှဉ်ရင် လိုင်းဆွဲအား ၁၀ ဆ ပိုမို လျင်မြန်တဲ့အပြင် တစ်စက္ကန့်ကို 1 Gbps ထက် မြန်တဲ့နှုန်းနဲ့ ဒေတာများစွာကို ပေးပိုနိုင်တဲ့အထိ အင်တာနက် လိုင်းဆွဲအား ကောင်းမွန်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နောက်ထပ်ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်တဲ့ MPT ကလည်း သုံးစွဲသူတွေရဲ့ ဒစ်ဂျစ်တယ်အတွေ့အကြုံကို မြှင့်တင်ဖို့နဲ့ အသုံးပြုသူတွေရဲ့ နေ့စဉ်ဘဝတွေ တိုးတက်ကောင်းမွန်လာစေဖို့ ရည်ရွယ်ပြီး အခုဇွန်လအတွင်း MPT 5G အစမ်းသုံး အတွေ့အကြုံသရုပ်ပြအစီအစဉ်ကို ပြုလုပ်ဖို့ ရှိနေတယ်လို့လည်း ကြေညာထားပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ