“ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲသို အာရှနိုင်ငံများမှ တာဝန်ရှိသူ အများအပြား တက်ရောက်ခြင်းမရှိ”

(နိုင်ငံတကာ)ဇွန် ၁၇
ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပသော ရုရှားနိုင်ငံပါဝင်ခြင်းမရှိသည့် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲသို အာရှ နိုင်ငံများမှ တာဝန်ရှိသူ အများအပြားတက်ရောက်ခြင်း မရှိကြောင်း သိရသည်။ အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဘာဂန်စတော့မြို၌ ဇွန်လ ၁၅ ရက်နှင့် ၁၆ ရက်တွင် ကျင်းပခြင်းဖြစ်ပြီး အာရှဒေသမှ ဂျပန်ဝန်ကြီးချုပ်နှင့် တီမော လစ်စတေ ဝန်ကြီးချုပ်တိုမှလွဲ၍ ကျန်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များနှင့်တာဝန်ရှိသူများ တက်ရောက်မှုမရှိ ခဲ့ခြင်း ဖြစ်သည်။ ထိုသို အာရှနိုင်ငံများမှခေါင်းဆောင်များ မတက်ရောက်မှုနှင့်ပတ်သက်၍ အာရှနိုင်ငံအများစုသည် ယူကရိန်းအရေးအပေါ် စိတ်ဝင်စားမှုသိပ်မရှိကြောင်း ဖော်ပြနေခြင်းဖြစ်သည်ဟု စင်ကာပူအမျိုးသား တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ ချောင်ဂျာအန် က ပြောသည်။


အလားတူ ဆွေးနွေးပွဲတွင် ရုရှားနိုင်ငံကို မဖိတ်ခေါ်ခြင်းက အာရှနိုင်ငံများမှ ခေါင်းဆောင်အများစုအနေဖြင့် ထိုဆွေးနွေးပွဲသို မတက်ရောက်ရသည့် အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း ISEAS မှ အကြီးတန်း သုတေသီ ဒေါက်တာ အန်စတိုရီ က ပြောသည်။ ထိုပြင် ရုရှားနိုင်ငံအပေါ် ဆန့်ကျင်သည့်နိုင်ငံများကလည်း ၎င်းတိုအနေဖြင့် တာဝန်ရှိသူများကို မစေလွှတ်ရခြင်းမှာ ထိုဆွေးနွေးပွဲသည် မည်သည့်ရလဒ်မျှရရှိမည်မဟုတ်ဟု သုံးသပ်ထားခြင်း ကြောင့် ဖြစ်ကြောင်း၊ အထူးသဖြင့် ထိုဆွေးနွေးပွဲသို ရုရှားမတက်ရောက်ရခြင်းကြောင့် ဖြစ်ကြောင်း ဒေါက်တာ အန်စတိုရီ ကပြောသည်။ ထိုအတူ ယခုကဲ့သို အာရှခေါင်းဆောင်များ မတက်ခြင်းသည် ယူကရိန်းသမ္မတအပေါ် ထောက်ခံမှုလျော့နည်းစေသည့် အချက်ဖြစ်ကြောင်း TST သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN