ရန်ကုန် စစ်ကိုင်းနှင့် ရှမ်းတို့တွင် သိန်း ၁၀၀၀၀ ကျော်တန်ဖိုးရှိ တရားမဝင်ကုန်စည်များဖမ်းမိ


(မှုခင်း) ဇွန် ၁၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက် ရာတွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက်ပိုမိုပါရှိလာသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း Pre Painted Galvanized Iron Sheet In Coil ၁၀၈၃၁၅ ကီလိုဂရမ်၊ Castrol အင်ဂျင်ဝိုင် ၄၇၅၂ ကီလို ဂရမ်စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၆၆၀၄၁၉)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇွန် ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ Bonded Warehouse အတွင်းမှ ပိုင်ရှင်မှ စွန့်လွှတ်ကြောင်းတင်ပြလာသည့် Food Stuff စားသောက်ကုန် ကြမ်းပစ္စည်း ဖာ ၉၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုးခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅၀၉၈၁၀ ကိုလည်းကောင်း၊ မိုင်းလားမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ယာဉ်အပိုပစ္စည်း Speed Reducer Gearbox အခု ၃၀၊ Angel Valve ရေပိုက်ခေါင်း ၅၂၅ ကီလိုဂရမ် အပါအဝင်ကုန်ပစ္စည်း ငါးမျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၂၃၁၅၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Giga Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၅၃၂၉၆၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန် ၁၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်စက်သုံးဆီ ပရီမီယမ်ဒီဇယ်ဆီ ၇၀၅၆ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈၀၂၆၀၀၀)ကိုလည်းကောင်း၊ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်၌ ပရီမီယမ်ဒီဇယ်ဆီ ဂါလန် ၃၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၅၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၁၈၇၆၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ဇွန် ၁၄ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာအုပ်စု ဟိုပိတ်ဈေး အရှေ့၌ယာဉ် ၁၁ စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံ ထုတ် Parts of Bridge Crane သံပေါင်ကီလိုဂရမ် ၉၇၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၅၅၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Howo Tractor Head ခုနစ်စီး၊ JAC Tractor Head တစ်စီး၊ Nissan Diesel Tractor Head တစ်စီး၊ Scania Tractor Head တစ်စီး၊ Foton Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် ၁၁ တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၄၅၀၀၀၀၀၀)ကိုလည်းကောင်း၊ မူဆယ်မြို့ ဆင်ဖြူဂိတ်အကျော် လမ်းဘေး တစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့် Wifi Router အလုံး ၅၀၊ Dell Laptop အလုံး ၂၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၄၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၆၅၉၅၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇွန် ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာအမှုတွဲ ၂၄ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၃၁၀၁၉၃၇၉)ဖြစ်ကြောင်း တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ