ရွှေဘိုမြို့ပေါ်တွင် အမျိုးသား ၁ ဦးပစ်သတ်ခံရ၍ သေဆုံး


(ပြည်တွင်း)ဇွန် ၁၁
ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ပေါ်တွင် အမျိုးသား ၁ ဦးနေအိမ်၌ ပစ်သတ်ခံရကြောင်းသိရသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ပစ်သတ်ခံရသူသည် အမှတ်(၇)ရပ်ကွက်တွင်နေထိုင်သော ရွှေဘို့မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌဖြစ်သူ ဦးဇောဇော်ဖြစ်ကြောင်းသိရသလို နေအိမ်၌ရှိနေစဉ် အကြမ်းဖက် PDFအဖွဲ့မှ နေအိမ်အတွင်းသို့ဝင်ရောက်၍ သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခံရကာ ရင်ဘတ်တွင်ဒဏ်ရာရရှိပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ရွှေဘိုပေါ်တွင် အကြမ်းဖက်PDFအဖွဲ့များက တပ်ထောက်ခံသူများနှင့်ပြည်ခိုင်ဖြိုးပါတီဝင်များကို အမြဲတစေချောင်းမြောင်း၍ ပစ်ခတ်သတ်ဖြတ်နေကြောင်းသိရသလို သတ်ဖြတ်မှုကြူးလွန်သူများကိုလည်း ယနေ့အချိန်အထိ ဖမ်းဆီးရမိနိုင်ခြင်းမရှိသေး၍ မြို့ခံနေပြည်သူများသည်လည်း စိုးရိမ်စိတ်များစွာဖြင့်အထိတ်တလန့်ဖြစ်ပေါ်နေကြရကြောင်း သိရသည်။

#PAN