အာဆီယံနှင့် ကနေဒါနိုင်ငံတိုအကြား သိပ္ပံနှင့် နည်းပညာကဏ္ဍမှာဆက်ဆံရေးတိုးမြှင့်ရန်ဆွေးနွေး


(နိုင်ငံတကာ) မေ ၂၃

(၂၁) ကြိမ်မြောက် အာဆီယံ – ကနေဒါ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှာ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုနယ်ပယ်မှာ အာဆီယံနှင့် ကနေဒါအကြား လက်ရှိပူးပေါင်းဆောင်ရွက် နေတဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ကနေဒါနိုင်ငံ၊ အော်တာဝါမြို့မှာ မေလ ၂၁ ရက်က ကျင်းပပြုလုပ်တဲ့ (၂၁) ကြိမ်မြောက် အာဆီယံ-ကနေဒါ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်း ဦးဆောင် တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ တက်ရောက်ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။

အစည်းအဝေးကို ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန၊ အင်ဒို-ပစိဖိတ်ရေးရာ လက်ထောက်ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Mr. Weldon Epp နှင့် မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၊ အတွင်းရေးမှူးချုပ် Dato’ Sri Amran Mohamed Zin တိုက ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြပြီး၊ အစည်းအဝေးသို့ အာဆီယံအဖွဲဝင်နိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများနှင့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်တို တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

အစည်းအဝေးမှာ အဆင့်မြင့်အရာရှိကြီးများက “အာဆီယံ-ကနေဒါ မိတ်ဖက်ဆက်ဆံရေး ဆိုင်ရာပူးတွဲ ကြေညာချက်ကို အကောင်အထည်ဖော်မယ့် လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)” နှင့် “အာဆီယံနှင့် ကနေဒါအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စတင်ထူထောင်တဲ့ ပူးတွဲကြေညာချက်” တိုကို အကောင်အထည်ဖော်မှုရဲ့ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးခဲ့ကြ ကြောင်း သိရပါတယ်။

ဒါ့အပြင် အာဆီယံနှင့် ကနေဒါအကြား မဏ္ဍိုင်ကြီး(၃)ရပ်မှာ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ပြန်လည်ဆန်းစစ်ခဲ့ကြပြီး အဆင့်မြင့်အရာရှိကြီးများက အာဆီယံ-ကနေဒါ မဟာဗျူဟာ မြောက် မိတ်ဖက်ဆက်ဆံ ရေးကို ပိုမိုတိုးတက်ခိုင်မြဲစေရန်၊ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်နိုင်မယ့် နယ်ပယ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာရဲ့ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာသံအမတ်ကြီးက သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုနယ်ပယ်မှာ အာဆီယံနှင့် ကနေဒါအကြား လက်ရှိပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေများ၊ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံ ရေးကို ပိုမိုတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အနာဂတ်မှာ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းများနှင့် အာဆီယံတူညီဆန္ဒ(၅)ချက် အကောင်အထည် ဖော်ရာမှာ မြန်မာနိုင်ငံက အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ အခြေအနေများကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ