မင်းလှမြို့၊ ထွေအုပ်ရုံး နှင့် ရဲစခန်းပေါ်သို့ ပျံဝဲလာသည့် Dji Air-2s Drone အမျိုးအစား Drone ၁ စီး နှင့် Drop Bomb အား ပစ်ခတ်ဖောက်ခွဲ


(ပြည်တွင်း) မေ ၁၉

ယမန်နေ့ နေ့လည် ၃ နာရီအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း မင်းလှမြို့၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်ရုံတန်း လမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး နှင့် အမှတ် (၅)ရပ်ကွက်၊ ရုံးလမ်းရှိ မင်းလှမြို့မရဲစခန်းပေါ်သို့ ပျံဝဲလာသည့် Dji Air-2s Drone အမျိုးအစား Drone ၁ စီး နှင့် Drop Bomb အား ပစ်ခတ်ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ Drone သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အပေါ်သို့ ပျံဝဲလာပြီး ရုံးအတွင်းသို့ Drop Bomb ၁ လုံး ပစ်ချခဲ့ရာ ရုံး၏အရှေ့ဘက် ၁၀ ပေခန့်အကွာသို့ ကျရောက်ခဲ့ပြီး ပေါက်ကွဲခြင်းမရှိကြောင်း၊ ၎င်း Drone အား သက်ဆိုင်ရာတာဝန်ရှိသူများမှ လိုက်လံပစ်ခတ်ခဲ့ရာ နေ့လည် ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အမှတ် (၅)ရပ်ကွက်၊ ရုံးလမ်းရှိ မင်းလှမြို့မရဲစခန်းပေါ်သို့ ထပ်မံပျဲသန်း လာသည်ကိုတွေ့ရှိရသဖြင့် တာဝန်ကျကင်းသမားမှ ၎င်းကိုင်ဆောင်သော BA-63 သေနတ်ဖြင့် ၈ ချက်ခန့် ပစ်ခတ်ခဲ့ရာ ရဲစခန်း၏ တောင်ဘက်ရှိ လူပျိုဆောင် အနီး မြေကြီးပေါ်သို့ ပျက်ကျခဲ့ကြောင်း သိရှိရသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အတွင်း ကျရောက်ခဲ့သည့် လက်လုပ် Drop Bomb အား သက်ဆိုင်ရာတာဝန်ရှိသူများမှ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22729

PAN

SZ