အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အစ္စရေးသို့ ဒေါ်လာ ၁ ဘီလီယံဖိုး စစ်လက်နက် အကူ အညီကို လွှတ်တော်၌ ဆန်းစစ်အကဲဖြတ်ရန် တင်ပြခဲ့မှုအားအမေရိကန် တာဝန်ရှိသူမှ ပြောကြား

မေ ၁၆

     အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ
အစ္စရေးအတွက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ
တန်ဖိုးရို စစ်လက်နက် အကူအညီကို လွှတ်တော်၌
ဆန်းစစ်အကဲဖြတ်မှု ဆောင်ရွက်နိုင်ရန် တင်ပြခဲ့
သည်ဟု အမေရိကန် တာဝန်ရှိသူမှ ပြောကြားခဲ့
ကြောင်း။ နောက်ဆုံး စစ်လက်နက် အဆိုပြုကမ်းလှမ်း ချက်၌ ဆုံလည်တင့်ကားများ၊ တင့်ကားကျည်များနှင့် သံချပ်ကာယာဉ်များ ပါဝင်သည်ဟု တာဝန်ရှိသူ တစ်ဦးမှ ရိုက်တာသို့ ပြောကြားခဲ့သည်။

       တင့်ကား စစ်လက်နက်များအတွက် အမေရိကန်ဒေါ်လာသန်း ၇၀၀ သံချပ်ကာယာဉ်များအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ နှင့် ဆုံလည်တင့်ကားများအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ ဖိုး လွဲပြောင်းပေးအပ်ရန် ပါဝင်သည်ဟု Wall Street Journal အရ သိရသည်။

     အဓိက စစ်လက်နက် သဘောတူညီချက်များကို အထက်လွှတ်တော် ဥက္ကဌ၊ အထက် လွှတ် တော်ပြည်ပဆက်ဆံရေး အဖွဲ့ဝင်များနှင့် အောက်လွှတ်တော် ပြည်ပရေးရာ ကော်မတီတို့မှ ဆန်းစစ်အကဲဖြတ်ကြောင်း သိရသည်။ Biden မှ ဟားမတ်စ်ကို တိုက်ခိုက်သည့် စစ်ပွဲတွင် အစ္စရေးအတွက် အားပေးထောက်ခံမှုများသည် ယခုနှစ် ပြန်လည်ရွေးကောက်ခံနိုင်ရန် ၎င်းဆောင်ရွက်မှုများထဲမှ အထူးသဖြင့် ဒီမိုကရက်နိုင်ငံငယ်များအကြား သမ္မတအတွက် နိုင်ငံရေးအရ တာဝန်ယူမှုအဖြစ် ဆောင်ရွက်လျှက်ရှိကြောင်း Times of Israel သတင်းအရ သိရှိရပါသည်။

#PAN