One Friday Fight 63 မှာ ဂျပန်ဖိုက်တာနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ထွန်းမင်းနိုင်


မေ ၁၅


မေလ ၁၇ ရက်မှာ ကျင်းပမယ့် ONE Friday Fight 63 ပြိုင်ပွဲမှာ မြန်မာ့ရိုးရာလက်ဝှေ့သမား ထွန်းမင်းနိုင်(ခ)ဆူလိုင်မန်က ဂျပန်ဖိုက်တာ တိုမိုကီဆာ တို နှင့် ယှဉ်ပြိုင်ထိုးသတ်ကြမယ်လို့ သိရပါတယ်။

ONE Friday Fight 63 မွေထိုင်းပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲကို တွဲဆိုင်း ၁၂ ဆိုင်းကျင်းပမှာ ဖြစ်ပြီး ထွန်းမင်းနိုင်(ခ) ဆူလိုင်မန်က ပွဲစဉ် ၅ မှာ ယှဉ်ပြိုင်ထိုးသတ်ရမယ်လို့ သိရပါတယ်။

ထွန်းမင်းနိုင်(ခ)ဆူလိုင်မန်နှင့် ယှဉ်ပြိုင်ထိုးသတ်မယ့် ဂျပန်ဖိုက်တာ တိုမိုကီဆာတို ဟာ အသက် ၃၂ နှစ် ရှိပြီဖြစ်ပြီး ONE Friday Fight မှာ တစ်ပွဲသာထိုးသတ်ထားပါတယ်။

ဂျပန်ဖိုက်တာ တိုမိုကီဆာတိုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်းက ထိုင်းဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်နဲ့ အနိုင်ရရှိထားခြင်း ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews/22605?single

PAN

SZ