ကော့ကရိတ်-ရန်ကုတ်-နောင်နိုင်းကျေးရွာသွား ကျေးရွာချင်းဆက်ကားလမ်းပေါ်ရှိ သံကူကွန်ကရစ်အမျိုးအစား တံတားအမှတ်(၂)အား အကြမ်းဖက် KNU/PDF များမှ မိုင်းခွဲဖျက်ဆီး


မေ ၁၅

ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-ရန်ကုတ်-နောင်နိုင်းကျေးရွာသွား ကျေးရွာချင်းဆက်ကားလမ်းပေါ်ရှိ သံကူကွန်ကရစ်အမျိုးအစား တံတားအမှတ်(၂)အား ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က အကြမ်းဖက် KNU/PDF များမှ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကော့ကရိတ်-ရန်ကုတ်-နောင်နိုင်းကျေးရွာသွား ကျေးရွာချင်းဆက် ကားလမ်းပေါ်ရှိပြီး အရှည် ၂၀ ပေ၊ ခံနိုင်ဝန် တန် ၃၀၊ သံကူကွန်ကရစ်အမျိုးအစား တံတားဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် KNU/PDF များ၏ မိုင်းခွဲဖျက်ဆီးခဲ့မှုကြောင့် တံတား၏တောင်ဘက်ခြမ်းကမ်းကပ်ခုံ ၁၀၀ ရာခိုင်နှုန်း ပျက်စီးခဲ့ရပြီး ကာလတန်ဖိုးငွေကျပ် သိန်း ၄၀၀ ခန့်ဆုံးရှုံးခဲ့ကာ တံတားပျက်စီးမှုကြောင့် ယာဉ်ကြီး/ယာဉ်ငယ်များ သွားလာ နိုင်မှုမရှိတော့ကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews/22600?single

PAN

SZ