တံငါတောင်တံတားတွင် လုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးစစ်ကြောင်းအား အကြမ်းဖက်သောင်းကျန်းသူများက လာရောက်တိုက်ခိုက်


(ပြည်တွင်း)မေ ၁၀

မန္တလေးတိုင်းဒေသကြီး ၊မတ္တရာမြို့နယ်၊တံငါတောင်ကျေးရွာ၊မန္တလေး-မိုးကုတ်ကားလမ်းပေါ်ရှိ တံငါတောင်တံတားတွင် ယနေနံနက် ၅နာရီအချိန်ခန့်က လုံခြုံရေးတာဝန်ဆောင်ရွက်နေသော တပ်မတော်လုံခြုံရေးစစ်ကြောင်းအား အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ လက်နက်ကြီး/ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါအကြမ်းဖက်အဖွဲ့အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နံနက်၇နာကီအချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ ဖြစ်စဥ်တွင် တပ်မတော်သား ၂ဦး ကျဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်ဖြစ်ပွားရာသို့ စစ်ကူလိုက်လာသည့် စစ်ကူစစ်ကြောင်းအား အကြမ်း ဖက်သောင်းကျန်းသူများက တိုက် ခိုက်မှုကြောင့် စစ်ကူစစ်ကြောင်းမှ ပြည်သူ့စစ်အဖွဲ့ဝင် ၇ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

#PAN