အမေရိကန်က အစ္စရေးသို့ လက်နက်တင်ပို့မှုအများအပြားကို သီတင်းနှစ်ပတ်ကြာ ထိန်းသိမ်းထားသည်ဟု သတင်းရင်းမြစ်မှ ပြောဆို

မေ ၉

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့သည် အစ္စရေးနိုင်ငံသို့ လက်နက်များ တင်ပို့ရောင်းချမှု အများအပြားကို အနည်းဆုံး ရက် သတ္တပတ် နှစ်ပတ်ကြာ ထိန်းသိမ်းထားသည်ဟု အဆိုပါကိစ္စနှင့် နီးစပ်သူတစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ဒီသတင်း ပေါက်ကြားခဲ့တဲ့ Politico မှ အမေရိကန် အရာရှိတစ်ဦးကို ကိုးကား၍ ဝါရှင်တန်က အစ္စရေးသို့ နိုင်ငံရေးသတင်းစကားပေးပို့လိုကာ သင့်လျော်၍ ယုံကြည်ဖွယ် လူသားချင်းစာနာ ထောက်ထားမှု အစီအစဉ်မရှိဘဲ ဂါဇာနယ်စပ် Rafah မြို့၌ အစ္စရေးကျူးကျော်မှုကို မထောက်ခံနိုင်ဟု ဝါရှင်တန်က ပြောကြားခဲ့သည်ဟု သတင်းများက ဆိုသည်။

       နှောင့်နှေးတင်ပို့မှု၌ ဘိုးရင်းမှ အချင်းသေးငယ်၍ လမ်းညွှန်မှုမပါပဲ တိကျမှုရှိရန် ဒီဇိုင်းထုတ်ထားသည့် ခဲယမ်းဗုံးသီးသေတ္တာများ ပါဝင်ကာ အသစ်ရောင်းချမှု ခေတ္တရပ်လိုက်ခြင်းဖြင့် အစ္စရေးတို့ အသုံးပြုထားသည့် လက်နက်များ ပြန်လည်သိုလှောင်နိုင်မှုကို အဟန့် အတားဖြစ်စေကြောင်း သိရသည်။

      ယခုသီတင်းပတ်အတွင်း ဂါဇန်မြို့တောင်ပိုင်း
Rafah စစ်ဆင်ရေးဖြင့် အနှောက်အယှက်ဖြစ်စေ၍ အမေရိကန် အစိုးရအဖွဲ့မှ အစ္စရေးစစ်တပ်သို့ လက်နက်တင်ပို့မှုများ ရပ်တန့်ရန် ဗုဒ္ဓဟူးနေ့ တွင် ဖြစ်ပေါ်လာပြီးနောက် မဟာမိတ်များသည် ” တံခါးပိတ်ပြီး နောက် ကွယ် ” တွင် သဘောထား ကွဲလွဲမှုများကို ဖြေရှင်းရန် ပြောဆိုခဲ့သည်။

      Yedioth Ahronoth သတင်းစာမှ ဂါဇာကမ်းမြှောင် စစ်ပွဲကာလ ၈ လအတွင်း ရောက်ရှိလာချိန် ကြီးမှူးကျင်းပသော ညီလာခံ၌ IDF ပြောရေး ဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး Daniel Hagari က အစ္စရေးနှင့် အမေရိကန်တို့ကြား ညှိနှိုင်းဆောင်ရွက်မှုသည် “သမိုင်းမှာ စံနမူနာမရှိတဲ့ နယ် ပယ်တစ်ခု အဖြစ်သို့ရောက်ရှိသွားတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဖော်ပြခဲ့ကြောင်း သတင်း ရရှိပါသည်။

#PAN