“ဝမ်းချုပ်စေတဲ့ အစားအစာတွေ”


(ကျန်းမာရေး)မေ ၉
ကျန်းမာရေးကဏ္ဍကနေ ဝမ်းချုပ်စေတဲ့ အစားအစာတွေ အကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။
ဆီကြော်မုန့်တွေနဲ့ အသင့်စား အစားအစာတွေကို စားသုံးမယ်ဆိုရင် ဝမ်းချုပ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ အမျှင်ဓာတ်ပါဝင်မှုလုံးဝမရှိဘဲ အဆီပါဝင်မှုသာများတာကြောင့် အစာခြေဖို့ရာ အခက်အခဲဖြစ်စေပါတယ်။ အဲဒီ့ အတွက် သရေစာအဖြစ် စားချင်တယ်ဆိုရင် အသီးအနှံတွေကို အစားထိုးစားပေးသင့်ပါတယ်။
ဂျုံ၊ နှံစားပြောင်း ကနေထုတ်ထားတဲ့ ပေါင်မုန့်ဖြူ၊ ဆန်လုံးဖြူ၊ ပါစတာ စတာတွေက အမျှင်ဓာတ်နည်း တာကြောင့် ဝမ်းချုပ်စေပါတယ်။
နို့ထွက်ပစ္စည်းတွေဟာ အခြားသောအစားအစာတွေထက် ပိုပြီးဝမ်းချုပ်စေပါတယ်။ လသား၊ တစ်နှစ်သား၊ နှစ်နှစ်သား ကလေးတွေမှာပိုဆိုးပါတယ်။ နွားနို့မှာတွေ့ရတဲ့ ပရိုတင်းဓာတ်ကြောင့်ပါ။ လေ့လာချက်တွေအရ အသက် ၁ နှစ်ကနေ ၁၂ နှစ်အတွင်း ကလေးတွေမှာ နွားနို့သောက်ခြင်းကြောင့် ဝမ်းချုပ်ခြင်း ပိုဆိုးလာတာကို တွေ့ရပါတယ်။ နွားနို့အစား ပဲနို့ကို ပြောင်းလဲပြီး သောက်ခိုင်းလိုက်တဲ့အခါမှာတော့ ဝမ်းချုပ်ခြင်းမှ သက်သာ စေတာကိုတွေ့ရပါတယ်။
အသင့်စား အစားအစာတွေက ဝမ်းချုပ်ခြင်းကို ပိုဆိုးစေပါတယ်။ အဆီများပြီး အမျှင်ဓာတ်ပါဝင်မှု နည်းတဲ့အတွက် အစာခြေခြင်းကို နှေးကွေးစေပါတယ်။ အသင့်စား အစားအစာဖြစ်တဲ့ ကွတ်ကီး၊ ချောကလက်၊ ရေခဲမုန့်တွေအစား အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အစားထိုးသင့်ပါတယ်။
အနီရောင်အသားတွေမှာ ဝမ်းချုပ်ခြင်းကိုဖြစ်စေတဲ့အကြောင်းရင်း ၃ ခုရှိပါတယ်။ အမျှင်ဓာတ်ပါဝင်မှု နည်းခြင်းက အစာတွေရွေ့လျားဖို့ အဆင်မပြေစေပါဘူး။ ပုံမှန်လူတစ်ယောက်ရဲ့ နေ့စဉ်ရနိုင်တဲ့ အမျှင်ဓာတ် ပမာဏကိုပါ လျှော့ချပစ်နိုင်ခြင်းကြောင့်လည်း ပိုဆိုးသွားပါတယ်။ အဲဒါကြောင့် ထမင်းစားချိန်မှာ အသားများများ စားခြင်းက အသီးအရွက်တွေက အမျှင်ဓာတ်တွေကိုပါ လျှော့ချပစ်နိုင်ပါတယ်။ အဲဒါအပြင် အနီရောင်အသား တွေမှာ အဆီပါဝင်မှုလည်းပိုများပါတယ်။ အဲဒီအကြောင်းတွေကြောင့် ဝမ်းချုပ်ခြင်းကို ပိုဖြစ်စေပါတယ်။
ဒါ့အပြင် အရက်ကလည်း ဝမ်းချုပ်စေပါတယ်။ အရက်အများကြီးသောက်ခြင်းဟာ ခန္ဓာကိုယ်တွင်းက ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ ရေဓာတ်ဆုံးရှုံးခြင်းက ရေလုံလောက်စွာ မသောက်တဲ့လူလိုပါပဲ၊ အူမကြီးရဲ့ အလုပ်တွေကို လုပ်ဆောင်ဖို့ရာ မလွယ်ကူစေတာကြောင့် ဝမ်းချုပ်စေပါတယ်။
ကဖင်းဓာတ်ပါဝင်တဲ့ သောက်စရာတွေကလည်း အရက်ပဲဖြစ်ပါတယ်။ ရေဓာတ်ကို ခမ်းခြောက်စေနိုင်တဲ့ အတွက် ရေဓာတ်ချို့တဲ့သောအခါ အူမကြီးလုပ်ဆောင်ချက်ကို နှေးကွေးစေပြီး ဝမ်းချုပ်စေပါတယ်။

#PAN

#HH