မသင်္ကာဖွယ်ရာ ဆိုင်ကယ်စီးသူ ၂ ဦးအား ရပ်တန့်စစ်ဆေးရာ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ


မေ ၄

ယမန်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကွမ်းသီးကန်ကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်‌နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်စီးလာသူ မသင်္ကာဖွယ်ရာလူ ၂ ဦးကို စစ်ဆေးရန်ရပ်တန့်စေရာ မောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ ဆိုင်ကယ်သည် ရပ်တန့်ခြင်းမရှိပဲအရှိန်မြှင့် မောင်းနှင်ထွက်ပြေးခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက် PDF ၁ လောင်း၊ လက်လုပ်မိုင်း ၃ လုံး၊ အိုင်ကွန် ၁ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရပါသည်။

VK Link>>…
https://vk.com/wall-220066330_6239

Telegram>>…
https://t.me/positiveanglenews/22268

PAN

SZ