(ပြည်တွင်း) မေ ၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဒွန်ဘန်ကျေးရွာအုပ်စုတွင်နေထိုင်သည့် လူငယ်သုံးဦးသည် ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့က ရေးချိုးသွားရာမှ မိုးကောင်း ကာမိုင်းလမ်းပေါ်တွင် ပျောက်ဆုံးသွားကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။
ပျောက်ဆုံးနေသည့် လူငယ်များမှာ အသက် ၁၅ နှစ်ဝန်းကျင် အရွယ်လူငယ်များဖြစ်သည့် မောင်လဝေါမ်၊ မောင်လနူး နှင့် အသက် ၁၈ နှစ်အရွယ်လူငယ် ဖြစ်သူ မောင်မာလတို့ဖြစ်ကြောင်း သိရသည်။
၎င်း တို့သည့် ရေချိုးသွားခဲ့ရာမှ အကြမ်းဖက် KIA/PDF တို့၏ တပ်သားသစ်အဖြစ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများမှယုံကြည်နေကြသည်။
အဆိုပါ လူငယ်များသည် ယနေ့ထိ မိသားစု၀င်များနှင့် အဆက်အသွယ်မရရှိသေးသည့်အတွက် မိသားစုဝင်များက စိုးရိမ်နေကြပြီး မိသားစုဝင်များမှ ဒွမ်ဘန်-ကာမိုင်း လမ်းတစ်လျှောက် ကျေးရွာများသို့ ဆက်လက်စုံစမ်းမေးမြန်းနေကြကြောင်း ဒေသခံများထံက သိရှိရသည်။
Telegram»…
https://t.me/positiveanglenews/22212