ချဲလ်ဆီးအသင်းမှ ထွက်ခွာတော့မယ့် သီယာဂိုဆေးလ်ဗား

May 2

ချဲလ်ဆီးနောက်ခံလူ သီယာဂိုဆေးလ်ဗာဟာ အခုရာသီအကုန်မှာ လန်ဒန်ကလပ်အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။

အသက်(၃၉)နှစ်ရှိ သီယာဂိုဆေးလ်ဗားဟာ ၂၀၂၀မှာ ပီအက်စ်ဂျီကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ချဲလ်ဆီးကို ရောက်ရှိလာခဲ့ပြီး ချဲလ်ဆီးအတွက် (၁၅၁)ပွဲကစားပေးထားပါတယ်။

သီယာဂိုဆေးလ်ဗားဟာ ချဲလ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလား(၃)လုံးဆွတ်ခူးခဲ့ပါတယ်။

ဒီရာသီမှာ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ (၃၄)ပွဲကစားပေးခဲ့တဲ့ သီယာဂိုဆေးလ်ဗားက အနာဂတ်မှာ ရာထူးတစ်နေရာနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြန်လာဖို့ မျှော်လင့်ထားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရပါတယ်။