မက်ဒရစ်အိုးပင်း ၁၆ ဦးအဆင့်ကို တက်ရောက်ခဲ့တဲ့ ရိုင်ဘာကီနာ


မေ ၁

မက်ဒရစ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဆီဒင်အဆင့်-၄ ရထားတဲ့ ကာဇက်စတန်တင်းနစ်မယ် ရိုင်ဘာကီနာဟာ ၁၆ ဦး အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

ဧပြီလ ၂၈ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ တတိယအဆင့်ပွဲမှာ ရိုင်ဘာကီနာဟာ အီဂျစ်တင်းနစ်မယ် ရှရစ်ဖ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ရိုင်ဘာကီနာက လက်စွမ်းအသာနဲ့ ပြိုင်ပွဲကို ဦးဆောင် ကစားနိုင်ခဲ့ ပါတယ်။

ဒါကြောင့်လည်း ပထမပွဲလတ်က မိနစ် ၄၀ သာ ကြာမြင့်ခဲ့ပြီး ရိုင်ဘာကီနာက အနိုင်ရလဒ်နဲ့ ဦးဆောင် နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒုတိယပွဲလတ်မှာတော့ ရှရစ်ဖ်က အကောင်းဆုံးပုံစံနဲ့ တုံပြန်လာခဲ့လို့ ရိုင်ဘာကီနာ ပိုပြီးတော့ အားထည့်ခဲ့ရပါတယ်။

ပွဲကစားချိန် တစ်နာရီခွဲ ကြာမြင့်ခဲ့ပြီးနောက် ရိုင်ဘာကီနာက ၆း၁၊ ၆း၄ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ၁၆ ဦး အဆင့်ကို တက်သွားခဲ့တာပါ။

၁၆ ဦးအဆင့်မှာတော့ ရိုင်ဘာကီနာ ဟာ အခုနှစ်ပြိုင်ပွဲမှာ လက်စွမ်းပြနေတဲ့ အသက် ၁၈ နှစ်အရွယ် ချက်တင်းနစ်မယ် ဘက်ဂျ်လက်နဲ့ ဆက်လက်ရင်ဆိုင် ရမှာဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews/22201

PAN