လီဂူး-၁ ချန်ပီယံဖြစ်လာတဲ့ PSG

April 29

မနေ့ညက အမှတ်ပေးဇယားဒုတိယနေရာက မိုနာကိုဟာ လိုင်ယွန်ကို (၃-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် PSGအသင်းဟာ လီဂူး-၁ ချန်ပီယံဆုကို (၃)ကြိမ်ဆက်ဆွတ်ခူးခဲ့ပါတယ်။

လီဂူး-၁ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ PSG(၁၂)မှတ်အသာနဲ့ ရပ်တည်နေပြီး လက်ကျန်(၃)ပွဲကစားဖို့အလိုမှာ အခုလိုချန်ပီယံဖြစ်ဖို့ သေချာသွားတာဖြစ်ပါတယ်။

စနေညက PSG ဟာ လီဟာဗရီကို အနိုင်ရရင် ချန်ပီယံဖြစ်မယ့်အခွင့်အရေးရှိခဲ့ပေမယ့် သရေသာကစားနိုင်ခဲ့ပါတယ်။

PSG အသင်းက အမှတ်ပေးချန်ပီယံဆုကို အသင်းသမိုင်းတစ်လျှောက် ၁၂ ကြိမ်မြောက် ရရှိခဲ့ပြီး နောက်ဆုံး ၁၂ နှစ်အတွင်း ၁၀ ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့ပါတယ်။

လာမယ့်လမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် PSGအသင်းဟာ ဒေါ့မွန်အသင်းနဲ့ ရင်ဆိုင်ရမှာလဲဖြစ်ပါတယ်။