ကော့ကရိတ်တိုက်ပွဲထပ်မံဖြစ်ပွားနေပြီး သောင်းကျန်းသူများမှမြို့အား ထပ်မံမီးရှို့


(ပြည်တွင်း) ဧပြီ ၅
ကော့ကရိတ်မြို့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး KNU / PDF များမှ မြို့အားထပ်မံမီးရှို့နေကြောင်းသိရသည်။
ယနေ့ မတ်လ ၅ ရက်နေ့ နံနက် ၁၁း၀၀ အချိန်က KNU/PDF အကြမ်းဖက်သောင်းကျန်းသူများသည် ကော့ကရိတ်မြို့နယ် ချောင်းတောင်ကျေးရွာဘက်မှ ကော့ကရိတ်မြို့အတွင်းသို့ဝင်ရောက်လာပြီး ကော့ကရိတ်မြို့လယ်ရှိသော မြို့မဘုန်းတော်ကြီးကျောင်းအနီးတွင်ရှိသည့် လုံခြုံရေးအဖွဲ့များအား လာရောက်ပစ်ခတ်သည့်အတွက် နှစ်ဖက်ထိတွေ့ပစ်ခတ်မူဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။
နှစ်ဖက်ပစ်ခတ်မှုများရှိနေစဉ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများမှ ကော့ကရိတ်မြို့ အမှတ် ၅ ရပ်ကွက် အောင်ဇေယျလမ်းတွင်ရှိသော အဲဗားဂွတ်ဆိုင်စားသောက်ဆိုင်အားမီးရှို့ခဲ့သည့်အတွက် အမှတ် ၅ ရပ်ကွက်အတွင်း မီးလောင်မှုဖြစ်ပေါ်နေကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက စတင်ဖြစ်ပွားခဲ့သည့် ကော့ကရိတ်မြို့တိုက်ပွဲတွေကြောင့် မြို့နေပြည်သူတွေဟာ စစ်ဘေးနှင့်ကင်းလွတ်ရာအရပ်များသို့ တိုက်ပွဲရှောင်များအဖြစ်ပြောင်းရွှေ့နေထိုင်နေကြပြီး ကော့ကရိတ်မြို့ကလူနေအိမ်တွေကို KNU/PDF တွေက မကြာခဏဆိုသလိုဝင်ရောက်မီးရှို့ဖျက်ဆီးနေကြတာဖြစ်ပါတယ်။

#PAN

Telegram Link

https://t.me/positiveanglenews