မေလအတွင်း Myanmar Women League 2024 ပြိုင်ပွဲ စတင်ယှဉ်ပြိုင်မည်


မတ် ၃၀

မေလအတွင်း Myanmar Women League 2024 ပြိုင်ပွဲ စတင်ယှဉ်ပြိုင်မည်


မတ် ၃၀

Myanmar Women League 2024 ပြိုင်ပွဲကို မေလ ၇ ရက်မှာ စတင်ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ယခုနှစ် ကျင်းပပြုလုပ်မည့် Myanmar Women League 2024 ပြိုင်ပွဲမှာ ယခင်နှစ်ကထက် ကလပ်အသင်းများ ထပ်တိုး ယှဉ်ပြိုင်ရန်ရှိတယ်လို သိရပါတယ်။

ပြီးခဲ့တဲ့ Myanmar Women League 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲ၌ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း၊ သစ္စာအားမာန်အမျိုးသမီးအသင်း၊ ISPE Women အသင်း၊ Sports&Education အသင်း၊ မြဝတီ အမျိုးသမီးအသင်းနှင့် Young Lionesses အသင်းတို ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး၊ ယခုနှစ်မှာတော့ ဧရာဝတီ ယူနိုက်တက်အမျိုးသမီးအသင်းနှင့် ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းတို ထပ်တိုးယှဉ်ပြိုင်သွားမယ်လို သိရပါတယ်။

ပြီးခဲ့သည့် Myanmar Women League 2023 ဘောလုံးရာသီမှာ မြဝတီအမျိုးသမီးဘောလုံးအသင်းက ချန်ပီယံဆုကို ဆွတ်ခူးထားပါတယ်။

PAN