ငါးကြီးဆီကို နေ့စဉ်စားသုံးပေးခြင်းဖြင့် ရရှိနိုင်မည့်ကောင်းကျိုးတွေ


မတ်လ ၁၁

ငါးကြီးဆီကို နေ့စဉ်စားသုံးပေးခြင်းဖြင့် ရရှိနိုင်မည့်ကောင်းကျိုးတွေ


မတ်လ ၁၁

ငါးကြီးဆီမှာ နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာများကို ကျန်းမာစေနိုင်တဲ့ Omega-3, Omega-6 ကဲ့သိုသော အစားထိုးမရတဲ့ fatty acids ဓာတ်များ ပါဝင်နေပါတယ်။

ငါးကြီးဆီစားသုံးပေးခြင်းက အမြင်အာရုံတွေကို ပိုပြီးကြည်လင်စေနိုင်ပါတယ်။ အသည်းက အက်ဆစ် တွေက မျက်စိမှာရှိတဲ့အရည်တွေကို ဖယ်ရှားပေးပြီး မျက်စိကို အားနည်းစေနိုင်ပါတယ်။ ငါးကြီးဆီက ပြည့်ပြည့်စုံစုံပျောက်ကင်းအောင် မကုသပေးနိုင်ပါဘူး။

ဒါပေမယ့် ငါးကြီးဆီမှာပါတဲ့ အိုမီဂါ-၃ က မျက်စိပြဿနာ တွေကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ မျက်စိတိမ်စွဲတဲ့ သူတွေကို ငါးကြီးဆီသောက်ဖိုတော့ ညွှန်ကြားလေ့ရှိကြပါတယ်။

ငါးကြီးဆီကို နေ့စဉ်စားသုံးပေးခြင်းကြောင့် ခန္ဓာကိုယ်တွင်းရှိ ကိုလက်စထရောတွေ ကျဆင်းစေနိုင် ပါတယ်။ ငါးကြီးဆီမှာ Fatty Omega-3၊ Omega-6 တို ပါရှိတာကြောင့်လည်း နှလုံးရောဂါဖြစ်နိုင်ချေတွေကို လျော့နည်းသွားစေပါတယ်။

ဒါ့အပြင် စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ Polyunsaturated acids က တက်ကြွတဲ့ စိတ်တွေ ဖြစ်ပေါ်စေဖိုအတွက် serotonin ထုတ်လုပ်မှုကို တိုးပွားစေနိုင်ပါတယ်။

အဲ့ဒါကြောင့် ငါးကြီးဆီသောက်တဲ့ သူတွေက လွယ်ကူစွာဝင်ရောက်နိုင်တဲ့ စိတ်ဖိစီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် စိတ်ကျလွယ်တဲ့သူ၊ စိတ်ဖိစီးမှုကို မခံစားနိုင်တဲ့ သူတွေအနေနဲ့ သောက်သုံးပေးသင့်ပါတယ်။

သုတေသီပညာရှင်တွေရဲ့ လေ့လာချက်အရ ငါးကြီးဆီကို ပုံမှန်စားသုံးပေးခြင်းက အစာစားချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။ အစာစားပြီးချိန်မှာလည်း မကြာခဏဆာတာမျိုးမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

ပညာရှင်တွေရဲ့ လေ့လာချက်အရ Omega-3 ရဲ့ နောက်ထပ်အားသာချက်တစ်ခုက အဆီတွေကို ပိုမိုလောင်ကျွမ်း အောင် ကူညီပေးနိုင်ပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN