မြဝတီ သင်္ဃန်းညီနောင် တိုက်ပွဲနောက်ဆုံးရသတင်း


မတ်လ ၁၀

ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ အချိန် အကြမ်းဖက်အဖွဲ့များသည် ခမရ ၃၅၆ တပ်ရင်း ဝင်ရောက်တိုက်ခိုက်ရာ တပ်မတော်မှရွံ့ရွံ့ချွန်ချွန် ပြန်လည်ခုခံ တိုက်ခိုက်ပြီး လေကြောင်းပစ်ကူနှင့်မောင်းသူမဲ့ လေယာဥ်များ​ဖြင့် ပြန်လည်ချေမှုန်းတိုက်ခိုက်ခဲ့ရာ KNUနှင့် အကြမ်းဖက်အဖွဲ့များ ထိခိုက်ဒဏ်ရာရရှိမှုများစွာဖြင့် မွန်းလွဲ ၃ နာရီ ခန့်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

တဆက်တည်းမှာပင် ခမရ ၃၅၅ တပ်ရင်းအတွင်းတွင်ရှိသော အကြမ်းဖက်များအား တပ်မတော်မှ ဂျက်လေယာဥ်၊ မောင်းသူမဲ့လေယာဥ်နှင့် လက်နက်ကြီးပစ်ကူ များဖြင့် ပြန်လည်တိုက်ခိုက်ချေမှုန်းသောကြောင့် ရန်သူအထိနာပြီး ရန်သူ့အလောင်းများ ပြန်ကြဲသေဆုံးနေကြောင်းသိရသည်။

နောက်ဆက်တွဲ တိုက်ပွဲဖြစ်ပွားရာ ခမရ ၃၅၅ တပ်ရင်း အနီးသို့ အကြမ်းဖက်များအား ကား ၃ စီး ဆိုင်ကယ် ၄ စီးဖြင့် ရိက္ခာလာပို့သော မြဝတီမှထောက်ပို့များနှင့် မဲဆောက်မှလာသောထောက်ပို့များအား တပ်မတော်မှ မောင်းသူမဲ့လေယာဥ် ဖြင့် လိုက်လံပစ်ခတ်ချေမှုန်း​ခဲ့ကြောင်း သိရသည်။

ထိုသို့တပ်မတော်မှ အထိနာအောင်ချေမှုန်းခဲ့သောကြောင့် အကြမ်းဖက်သောင်းကျန်းသူများမှာ အခဲမကြေဘဲ ခလရ၂၇၅ တပ်ရင်းဌာနချုပ်ကို ပြန်လည်လက်စား ချေရန်အတွက် ခလရ၂၇၅ တပ်အရှေ့စိမ်းလဲ့မြိုင်ကားဝန်းအကျော်တွင်ရှိသော တုံးတံတားရွာနှင့်ကပ်လျှက်ရှိသည့် ပွင့်လင်းအေးမြိုင်ရွာအထဲတွင် KNU နှင့် PDF အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့မှ ယနေ့ညနေပိုင်းတွင် ပြန်လည်ပြန်လည်ဖြည့်တင်း စုဖွဲ့ထားကြောင်း သိရသည်။

ယင်းသောင်းကျန်းသူစုဖွဲ့အင်အားများဖြင့် ခလရ ၂၇၅ တပ်ရင်းအရှေ့ဖက်မှ ဝင်တိုက်ရန် စီစဥ်ထားသကဲ့သို့ ယနေ့ ခမရ ၃၅၇၊ ၃၅၆ နှင့် သူတိုက်ပွဲဖြစ်စဥ်တွင် ပြန်လည်ဆုတ်ခွာလာသောအကြမ်းဖက်ပူးပေါင်းအင်အား ၈၀၀ ခန့်သည် ဝှေ့ရှမ်းရွာအထွက်ကုန်သွယ်ရေးဇုံနောက်ကြောမှ ဖြတ်ပြီး ရပ်ကွက် ၆၊ ရပ်ကွက် ၇ အနီးတဝိုက်မှ ခလရ ၂၇၅ တပ်ရင်းနောက်ကြောမှဝင်ရောက်တိုက်ခိုက်သိမ်းယူနိုင်ရေးနည်းဗျူဟာဆွဲထားကြောင်း မြေပြင်သတင်းပေးပို့မှုအရ သိရပါတယ်။​
ကရင်ပြည်နယ်အတွင်းမှ အကြမ်းဖက်တိုက်ခိုက်မှုများအားမလိုလားသူများမှလည်း မိမိဖက်မှလက်ဦးမှုရယူနှိမ်နင်းနိုင်ရေး ဆောင်ရွက်သွားရန်လိုလား နေကြ ကြောင်း သိရှိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN