Tik Tok Application တိုက်ဖျက်ရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းမည်ဖြစ်ကြောင်း ဂျိုးဘိုင်ဒင် ပြောကြား


မတ် ၁၀

Tik Tok Application သည် နိုင်ငံ၏ အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်ဖွယ်ကိစ္စရပ်တစ်ခု ဖြစ်လာ ခြင်းကြောင့် ယင်း Application အား တိုက်ဖျက်ရေးအတွက် ဥပဒေတစ်ရပ် ပြဋ္ဌာန်းမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်ပိုင်းတွင် ပြောသည်။

တရုတ်နိုင်ငံ ByteDance နည်းပညာကုမ္ပဏီပိုင် Tik Tok Application အား လက်ရှိတွင် အမေရိကန်ပြည်သူ သန်း ၁၇၀ ကျော်က အသုံးပြုလျက်ရှိရာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် နှင့် အခြားအရာရှိများက လုံခြုံရေးနှင့်စပ်လျဉ်း၍ စိုးရိမ်ဖွယ်ကိစ္စရပ်တစ်ခုအဖြစ် ထုတ်ဖော်ပြောကြားလျက်ရှိသည်။

ထိုကြောင့် Tik Tok Application တိုက်ဖျက်ရေးအတွက် ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန် အမေရိကန် အောက်လွှတ်တော်ရှိ ကော်မတီတစ်ရပ်က မတ်လ ၇ ရက်တွင် တညီတညွတ်တည်း သဘောတူအတည်ပြု ခဲ့ပြီးနောက် ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် မတ်လ ၁၂ ရက် သိုမဟုတ် ၁၃ ရက်တွင် အောက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။

သိုသော် အောက်လွှတ်တော်ကော်မတီက အတည်ပြုခဲ့သည့် သဘောတူညီချက်အရ ယင်းမဲခွဲမှုတွင် ဥပဒေတစ်ရပ်ပြဋ္ဌာန်းခြင်းကို လွှတ်တော်အမတ်စုစုပေါင်း သုံးပုံနှစ်ပုံက သဘောတူညီရမည် ဖြစ်ကြောင်း သိရသည်။

Tik Tok Application တိုက်ဖျက်ရေး ဥပဒေတစ်ရပ်ပြဋ္ဌာန်းမည့် အစိုးရ၏ကြိုးပမ်းကို လက်ရှိအမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ် က ထောက်ခံထားပြီး တရုတ်နိုင်ငံသည် Tik Tok Application ကို ဖန်တီးခြင်းအားဖြင့် အမေရိကန်ကလေးသူငယ်များ၏ စိတ်ကို အဆိပ်ခတ်လျက်ရှိကြောင်း ပန့်စ် က ၎င်း၏တွစ်တာတွင် ရေးသား ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်ကလည်း အမေရိကန်အစိုးရသည် Tik Tok Application နှင့် တရုတ်ပိုင် Wechat Application တိုအား ၂၀၂၀ ပြည့်နှစ်အတွင်း၌ တားမြစ်ရန်ကြိုးပမ်းခဲ့ကြောင်း သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN