ကိုရီးယားနိုင်ငံသို မြန်မာလုပ်သား ၄၀၀ ကျော်စေလွှတ်


မတ် ၇

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ မြန်မာလုပ်သား ၄၁၉ ယောက် စေလွှတ်ခဲ့ တယ်လို့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ သိရပါတယ်။

ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ ဖေဖော်ဝါရီလ ၁၄ ရက်က ကုန်ထုတ်လုပ်သားသစ် ၁၅၂ ယောက်၊ ဖေဖော်ဝါရီလ ၂၆ ရက်က ကုန်ထုတ်လုပ်သားသစ် ၂၆၇ ယောက် စုစုပေါင်း ၄၁၉ ယောက် စေလွှတ်ခဲ့တာဖြစ်တယ်လို သိရပါတယ်။

ကိုရီးယားနိုင်ငံကို ရောက်ရှိလာတဲ့ မြန်မာအလုပ်သမားတွေကို အလုပ်သမားသံအရာရှိက ကြိုဆိုခဲ့ပြီး လိုအပ်တာတွေ ကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ်မှာကျင်းပမယ့် သတ္တမအကြိမ်မြောက် အမှတ်ပေးစနစ်နဲ့ အလုပ်ခန့်အပ်ထားမယ့် (၁၆) ကြိမ်မြောက် ကိုရီးယာဘာသာ အရည်အချင်းစစ်စာမေးပွဲမှာ မြန်မာနိုင်ငံက လုပ်သားတွေကို ကိုရီးယားနိုင်ငံက ဝန်ဆောင်မှုလုပ်ငန်းအတွက် တိုးချဲ့ ခေါ်ယူသွားမှာ ဖြစ်တယ်လို သိရပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN