ထောင်နှင့်ချီသော ကိုရီးယားဆရာဝန်များ ဆေးကုသခွင့် လိုင်စင်များဆိုင်းငံ့ခံရ

မတ် ၆

တောင်ကိုရီးယား အစိုးရက အလုပ်မဆင်းပဲ ဆန္ဒပြသည့် ထောင်နှင့်ချီသော ဆရာဝန်များ လိုင်စင်ပိတ်သိမ်းနေကြောင်းသိရသည်။

အစိုးရ၏ ဆေးကျောင်းသား အသစ် သောင်းနှင့်ချီခေါ်ယူမည့် အစီအစဉ်အား ဆရာဝန်များက ကန့်ကွက် ဆန္ဒပြနေကြသည့်အပြင် အလုပ်မဆင်းပဲ သပိတ်မှောက်လျက်ရှိကြောင်းသိရသည်။

ဆရာဝန်များ ဆေးကုသခြင်းမရှိသည့်အတွက် တောင်ကိုရီးယားအစိုးရသည် စစ်တပ်မှ ဆရာဝန်များအား ယာယီတာဝန်ပေးကာ အစားထိုးကုသပေးလျက်ရှိသည်။

ဆန္ဒပြ သပိတ်မှောက်နေသည့် ဆရာဝန်များအား လိုင်စင်များ ဆိုင်းငံ့နေစည့်အပြင် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသ အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်။

တောင်ကိုရီးယား၏ ဆေးဘက်ဆိုင်ရာ ဥပဒေအရ ဆေးကုသမှု လုပ်ဆောင်ရန် အမိန့်ကို ဖီဆန်သူသည် ထောင်ဒဏ် (၃) နှစ် သို့မဟုတ် ငွေဒဏ် ဝမ် သန်း ၃၀ ကျခံရနိုင်သည့်အပြင် ဆေးကုသခွင့် လိုင်စင်အား တစ်နှစ်အထိ ဆိုင်းငံ့ထားနိုင်ပြီး ထောင်ဒဏ်ကျခံရပါက ဆေးကုသခွင့် လိုင်စင် ပိတ်သိမ်းခံရနိုင်ကြောင်း သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN