မကွေးမြို့ ကန်သာကန်ဘောင်အရှေ့ဘက် ထိုင်ခုံပေါ်၌ အကြမ်းဖက်PDFနှစ်ဦးမှ ချိန်ကိုက်မိုင်းပြုလုပ်နေစဉ် ပေါက်ကွဲသဖြင့် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာဖြင်ွ့ထွက်ပြေးလွတ်မြောက်

မတ်၆


မကွေးမြို့၊ ကန်သာရပ်ကွက်၊ ကန်သာကန်ဘောင်အရှေ့ဘက် ထိုင်ခုံပေါ်၌ အကြမ်းဖက်PDFနှစ်ဦးမှ ချိန်ကိုက်မိုင်းပြုလုပ်နေစဉ် ပေါက်ကွဲခဲ့သဖြင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာဖြင့်ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

၂၈လမ်း၊ အောင်လံမြို့နယ် စက်ရုံရပ်ကွက်၊ ထက်ရှိင်းအောင်၊ (ဘ) ဦးစန်းဦးနှင့် ဟိန်းထက်နိူင်၊(ဘ) ဦးဝင်းတင့်၊ ၂၈လမ်း၊ ရန်နိူင်ရပ်ကွက်၊မကွေးမြို့နေသူ တို့နှစ်ဦးသည် ယနေ့ မွန်းလွှဲ၂နာရီခွဲအချိန်ခန့်က ကန်သာကန်ဘောင်ပေါ်၌ ချိန်ကိုက်မိုင်းပြုလုပ်နေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲမှုကြောင့် ထက်ရှိုင်းအောင် မှာ မိုင်းစထိမှန်ဒဏ်ရာဖြင့် နေရာ၌ သေဆုံးခဲ့ပြီး၊ ဟိန်းထက်နိူင်သည် မိုင်းစထိမှန်ဒဏ်ရာများဖြင့် ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

#PAN