တောင်ကိုရီးယားနှင့် အမေရိကန်တိုက တိုက်လေယာဉ်လေ့ကျင့်ပျံသန်းမှုတစ်ရပ် စတင်လုပ်ဆောင်

မတ် ၆

တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတိုသည် ၎င်းတိုကြား နှစ်စဉ်ကျင်းပမြဲ စစ်ရေးလေ့ကျင့်မှု တစ်ရပ်ဖြစ်သည့် Freedom Shield စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တိုက်လေယာဉ်များလေ့ကျင့် ပျံသန်းမှုတစ်ရပ်ကို မတ်လ ၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားလေတပ်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ယွန်ဟပ်သတင်းအေဂျင်စီတွင် ဖော်ပြသည်။

Buddy Squadron ဟုအမည်ပေးထားသည့် အဆိုပါ တိုက်လေယာဉ်ပျံသန်းရေး လေ့ကျင့်မှုကို ဆိုးလ်မြိုတော် တောင်ပိုင်းရှိ အိုဆန်လေတပ်အခြေစိုက် စခန်းတွင် စတင်လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းလေ့ကျင့်မှုကို ငါးရက်ကြာ လုပ်ဆောင်မည် ဖြစ်သည်။

ယခုလုပ်ဆောင်သည့် တိုက်လေယာဉ်လေ့ကျင့်ပျံသန်းမှုသည် တောင်ကိုရီးယားနှင့် အမေရိကန်တိုကြား ၂၀၂၄ ခုနှစ်တွင် ပထမဆုံးလုပ်ဆောင်သည့် လေကြောင်း လေ့ကျင့်ပျံသန်းမှုဖြစ်ပြီး ယင်းလေ့ကျင့်မှုတွင် အမေရိကန်လေတပ်မှ F-16 တိုက်လေယာဉ်များနှင့် တောင်ကိုရီးယားလေတပ်မှ F-15K တိုက်လေယာဉ်များ ပါဝင်ပြီး ခုခံကာကွယ်ရေးအတွက် လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို သည် Buddy Squadron တိုက်လေယာဉ်လေ့ကျင့်ပျံသန်းမှု ၄၇ ခုကိုလည်း Freedom Shield စစ်ရေးလေ့ကျင့်မှု အတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဆက်လက်ဖော်ပြခဲ့ကြောင်း Sputnik သတင်းဌာနမှ သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN