တရားမဝင် ဝင်ရောက်နေထိုင်သူများအား အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်

နေပြည်တော် မတ် ၅

နစကအစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်မှ မတ်လ ၅ ရက်အထိ တရုတ်နိုင်ငံသား ၁၉၆၉ ဦး၊ ဗီယက်နမ် နိုင်ငံသား ၃၈ ဦး၊ ထိုင်းနိုင်ငံသား ၉၃ ဦး ၊ အိန္ဒိယနိုင်ငံသား ၃၃ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၂၄ ဦးတို့ အပါအဝင် နိုင်ငံခြားသားစုစုပေါင်း ၂၂၀၁ ဦးကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်အထိ တရုတ်နိုင်ငံသား ၅၀၇၇၂ ဦးအပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၅၂၈၂၀ ဦးကို စိစစ်ဖော်ထုတ်၍ ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကာ သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။

နစကအစိုးရအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

PAN