ဂါဇာကမ်းမြောင်သို့ ဝေဟင်မှတစ်ဆင့် ထောက်ပံ့ရေးပစ္စည်းများ ပစ်ချပေးရန် အမေရိကန်စီစဉ်


မတ် ၃

အစ္စရေးနှင့်ဟားမားစ်တိုကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသော်လည်း အမေရိကန်သည် ဂါဇာ ကမ်းမြောင်သို ဝေဟင်မှတစ်ဆင့် ထောက်ပံ့ရေးပစ္စည်းများကို ပစ်ချပေးရန်စီစဉ်နေကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က ထုတ်ပြန်ကြေညာလိုက်သည်။

သမ္မတ ဘိုင်ဒင် သည် သောကြာနေ့က အိမ်ဖြူတော်၌ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ နှင့် ပြုလုပ်သော ဆွေးနွေးပွဲအဖွင့်တင် ထိုကဲ့သို မှတ်ချက်ပြုပြောကြားလိုက်ခြင်းဖြစ်သည်။

ကြောက်မက်ဖွယ် ကောင်းသောစစ်ပွဲအတွင်း ပိတ်မိနေသော အပြစ်မဲ့ပြည်သူများသည် အလွန်စိုးရိမ်ထိတ်လန့် ကြောက်ရွံနေကြ ကြောင်း၊ ၎င်းတို၏ မိသားစုများကို ကျွေးမွေးနိုင်ခြင်းမရှိတော့ကြောင်း၊ ဂါဇာကမ်းမြောင်သို ထောက်ပံ့ကူညီမှုများ မှာလည်း လုံလောက်မှုမရှိတော့ကြောင်း ဘိုင်ဒင် က ဂါဇာကမ်းမြောင်နှင့်ပတ်သက်ပြီး ထိုကဲ့သိုပြောကြား ခဲ့သည်။

ထောက်ပံ့ကူညီရေး ထရပ်ကားများမှာ တောင်ပိုင်းရှိ စစ်ဆေးရေးဂိတ် နှစ်ခုမှသာလျှင် ဂါဇာသို ဝင်ရောက် ရသောကြောင့် အထူးသဖြင့် ဒေသမြောက်ပိုင်းတွင် ထောက်ပံ့ရေးပြတ်တောက်မှုနှင့် ဆိုးဆိုးရွားရွားကြုံတွေ့ နေရကြောင်း သိရသည်။

အမေရိကန်သည် လာမည့်ရက်များအတွင်း နောက်ထပ်အစားအစာနှင့် ထောက်ပံ့ရေး ပစ္စည်းများကို ဝေဟင်မှချပေးသွားမည်ဖြစ်ကြောင်း ဘိုင်ဒင် က ကြေညာခဲ့သည်။

ထိုအပြင် အမေရိကန်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအမြောက်အမြားကို ထောက်ပံ့ပေးနိုင်ရန် ရေလမ်းကြောင်းမှတစ်ဆင့် ဖြစ်နိုင်ခြေအပါအဝင် ဂါဇာကမ်းမြောင်သို အခြားသော လမ်းကြောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ရှာဖွေသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN