လေယာဉ်ပြန်ပေးဆွဲသည့် KNDO ဗိုလ်မှူး ကွယ်လွန်

မတ် ၂


မြန်မာနိုင်ငံတွင် ပထမဆုံး လေယာဉ်ပြန်ပေးဆွဲခဲ့သည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့( KNDO) ၏ ဗိုလ်မှူးအဆင့်ရှိ စောကျော်အေးသည် ရန်ကုန်မြို့ရှိ နေအိမ်တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၉ နာရီအချိန်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူး စောကျော်အေး ကွယ်လွန်ချိန်မှာ အသက် ၁၀၁နှစ်ရှိပြီဖြစ်ပြီး သူသည် ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ဂျို့ပင်ကျေးရွာတွင် မွေးဖွားခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူး စောကျော်အေး ဦးဆောင်တဲ့အဖွဲ့သည် ၁၉၅၄ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ရန်ကုန်-စစ်တွေပြေးဆွဲသည့် ဒါကိုတာလေယာဉ်ကို ခြိမ်းခြောက်ပြန်ပေးဆွဲခဲ့ခြင်းဖြစ်ပြီး လေယာဉ် ပြန်ပေးဆွဲရခြင်းမှာ လက်နက်များသယ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်က လေယာဉ်ပေါ်တွင် ခရီးသည် ၁၄ဦး လိုက်ပါခဲ့သည်ဟုလည်း သိရသည်။

ထို့နောက် ဗိုလ်မှူး စောကျော်အေးနဲ့အဖွဲ့သည် ၁၉၅၉ခုနှစ်မှာ ငြိမ်းချမ်းရေးရယူခဲ့ပြီး အေးချမ်းစွာမိသားစုနှင့်နေထိုင်ခဲ့ကြောင်း သိရသည်။

#PAN