လုံခြုံရေးအဖွဲ့အား မိုင်းဆွဲတိုက်ခိုက်သည့် PDF ၁ ဦးကို ပစ်ခတ်ဖမ်းဆီး

မတ် ၂

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်၊ရွာသစ်ကျေးရွာနှင့်ပေပင်ရှည်ကျေးရွာကြားတွင် ယနေ့မွန်းလွဲ၂နာရီခွဲအချိန်ခန့်က လုံခြုံရေးဆောင်ရွက်နေသည့်ပူးပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဥ် ရွာသစ်-ပေပင်ရှည်ကျေးရွာလမ်းမပေါ်အရောက်တွင် အကြမ်းဖက် PDF အဖွဲ့မှလမ်း၏ ယာဘက်ခြမ်းမှ လက်လုပ်မိုင်း ၁လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်သည့် PDF အကြမ်းဖက်သမားများကို လုံခြုံရေးစစ်ကြောင်းမှ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမား ၁ ဦး အား ဝဲ-ပါး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ယာ-နဖူးထိပ် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-ပေါင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်ဖြင့် လက်လုပ်သေနတ် အရှည် ၁လက်၊နံပါတ်မပါ ရင်ဇင်း အနက်ရောင်ဆိုင်ကယ် ၁စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသည့် PDF အကြမ်းဖက်သမားမှာ ခန့်မင်းသော်၊ ၁၆နှစ်၊ (ဘ)ဦးစိုးခိုင်၊ လဲဘူးကျေးရွာ၊နတ်မောက်မြို့နယ်၊ မကွေးတိုင်းဒေသကြီးနေသူဖြစ်ပြီး ၎င်းမှာ ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

လက်လုပ်မိုင်း ၁လုံး ပေါက်ကွဲခဲ့သည့် ရွာသစ်-ပေပင်ရှည်ကျေးရွာ လမ်းမအနီးဝန်းကျင်အား လုံခြုံရေးအဖွဲ့မှ မိုင်းရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ လက်လုပ်မိုင်း ၃လုံး၊ ပေ ၁၀၀ခန့်ရှိ နီ/နက် ဝါယာကြီး ၃ ချောင်း၊ KENBO တံဆိပ်ပါ ဆိုင်ကယ်ဘက္ထရီအိုး ၁လုံး၊ PUXING တံဆိပ်ပါ ဆိုင်ကယ် ဘက္ထရီအိုး ၁လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

#PAN