ကျိုက်ထိုမြို့နယ်မှ ပြည်ခိုင်​ဖြိုးပါတီဝန်ရံသူ အမျိုးသား ၁ ဦး သတ်​​ဖြတ်ခံရ

မတ် ၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုက္ခမူကျေးရွာတောင်ပိုင်းတွင်နေထိုင်သည့် ဦးကျော်ဝင်း အသက် (၅၅)နှစ်၊ (ဘ)ဦးသိန်းငွေသည် ယနေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်ခန့်က နေအိမ်မှ ၎င်း၏ လယ်ကွင်းသို့ သွားရောက်စဉ် လယ်ကွင်းစပ်အရောက်၌ PDF အကြမ်းဖက် ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် လာရောက်၍ သေနတ်အတိုဖြင့် ၇ ချက်ခန့်ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်များ၏ပစ်ခတ်မှုကြောင့် ဦးကျော်ဝင်း၏ နဖူးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာချိုစောင်းဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာနားထင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာမေးစေ့ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာလက်မောင်း ဖောက် ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲနားရွက်အပေါ်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲနောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား မေတ္တာရှင်လူမှုကူညီရေးအသင်းယာဉ်ဖြင့် ကျိုက်ထို ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သိရသည်။

သေဆုံးသွားသူ ဦးကျော်ဝင်းသည် ပြည်ခိုင်ဖြိုးပါတီ ထောက်ခံဝန်းရံအားပေးသူတစ်ဦးဖြစ်ကြောင်းသိရသည်။

#PAN