ကံထူးမရဲစခန်းတိုက်ပွဲတွင် သေဆုံးသည့် PDF အလောင်း မကောက်နိုင်ပဲ အုပ်ဂူတည်ပြီး ဂုဏ်ပြုနေဟုဆို

မတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် ၊ကံထူးမကျေးရွာရဲစခန်းအား ဖေဖော်ဝါရီ ၂၁ ရက်နေ့က အကြမ်းဖက် PDFများမှ သာလွန်အင်အားအသုံးပြုပြီး လာရောက်တိုက်ခိုက်မှု​တွင် လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် PDF အများအပြားသေဆုံးကြောင်း သိရသည်။အကြမ်းဖက် PDFအဖွဲ့သည် ၎င်းတို့၏ အဖွဲ့ဝင်အလောင်းများကိုပင် ကောက်ယူနိုင်ခြင်းမရှိပဲ ထွက်ပြေးဆုတ်ခွာသွားရကြောင်း ဒေသခံများထံမှ သိရပါသည်။

တိုက်ပွဲအတွင်းသေဆုံးသွားသည့် PDF များအတွင်းမှ ရေဦးမြို့ မှ ၇ မိုင်ခန့်အကွာ လမ်းအရှေ့ဘက်တွင်ရှိသည့် ရေဦး – တန့်ဆည် ကားလမ်းဘေး ပုဏ္ဏားကားကျေးရွာတွင်နေ ထိုင်သော ဦးမျိုးမင်းထွန်း+ဒေါ်သင်းခိုင်တို့၏သားဖြစ်သူ သန့်ဇင်ဖြိုး (၁၉ နှစ်) KIA သင်တန်းဆင်းသည် ၎င်းတိုက်ပွဲတွင်ပင် သေနတ်ကျည်ထိမှန် သေဆုံးခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

သေနတ်ထိမှန်သေဆုံးသွားသော PDF အကြမ်းဖက် အဖွဲဲ့ဝင် သန့်ဇင်ဖြိုး၏ အလောင်းကို မကောက်ယူနိုင်သော်လည်း အကြမ်းဖက်သမားများကို အားပေးထောက်ခံနေသည့် ပုဏ္ဏားကားကျေးရွာတွင်နေထိုင်သူများမှ ၄င်းအားဂုဏ်ပြုသည်ဟုဆိုကာ ပုဏ္ဏားကားအနောက်ရွာ ရွာဦးစေတီဘုရားဝန်းအရှေ့ဘက်ရှိ ရေကန်၏အရှေ့ဘက်တွင် သူရဲကောင်းဗိမ္မာန်အဖြစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ပြုလုပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် ၊ပုဏ္ဏားကားကျေးရွာသည် အကြမ်းဖက် PDF များနေထိုင် ခိုအောင်းနေထိုင်သည့် ရွာတစ်ရွာဖြစ်ပြီး ၎င်းကျေးရွာမှ အခြားဒေသများသို့သွားရောက်ကာ အကြမ်းဖက်မှုများကျူးလွန်ခြင်း ဓားပြတိုက်ခြင်း၊ ခိုးယူခြင်းများ ပြုလုပ်နေကြောင်း မြေပြင်သတင်းပေးပို့ချက်တွေအရ သိရသည်။

PAN