ပထမဆုံး ခွန်ခမာလက်ဝှေ့ပွဲမှာ ပထမချီနဲ့ အနိုင်ရခဲ့တဲ့ ကျော်စွာဝင်း


မတ် ၁

အနာဂတ် မြန်မာပြည်ချန်ပီယံ အဖြစ်ထင်ကြေးတစ်ချိုရထားတဲ့ ရိုးရာလက်ဝှေ့ပထမတန်းက ရှုးပွဲမရှိ စံချိန်ပိုင်ရှင် ကျော်စွာဝင်း ဟာ ပထမဆုံးထိုးသတ်တဲ့ ခွန်ခမာလက်ဝှေ့ပွဲ ပထမအချီမှာပင် အနိုင်ရခဲ့တယ်လို သိရပါတယ်။

မြန်မာ့လက်ဝှေ့အားကစားချစ်သူများရဲ့ ထောက်ခံအားပေးမှုများစွာကို ရရှိထားတဲ့ မန္တလေးဂုဏ်ဆောင် လက်ဝှေ့ကျော် ကျော်စွာဝင်းနှင့် ထိုးသတ်ရန် စီစဥ်ထားတဲ့ ကမ္ဘောဒီးယားကစားသမား Roeung Sorphorn မှာ ဝမ်းရောဂါကြောင့် မထိုးနိုင်ပြီး ထိုင်းကစားသမားအဖြစ် ပြောင်းလဲထိုးသတ်ခဲ့ရပါတယ်။

အဆိုပါပွဲစဥ်ရဲ့ ပထမအချီမှာ ပြိုင်ဘက်ထိုင်းကစားသမားရဲ့ လက်သီးထိုးချက်မှာ ကျော်စွာဝင်း ဦးခေါင်းကို ထိခဲ့ပြီး ကျော်စွာဝင်းမှာ ဘာမှမဖြစ်ခဲ့ဘဲ ထိုင်းဖိုက်တာမှာ လက်ဒဏ်ရာရရှိခဲ့တာကြောင့် ဆက်လက်မထိုးသတ်နိုင်ဘဲ အနားယူခဲ့ရတာ ဖြစ်ပါတယ်။