ဩစတြေးလျ၌ အပူလှိင်းဖြတ်မှုနှင့် တောမီးများကြောင့် ဒေသခံများ ဘေးလွတ်ရာပြောင်းရွှေ့ရ


ဖေဖော်ဝါရီ ၂၉

ဩစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်း၌ အပူလှိင်းဖြတ်မှုနှင့် တောမီးများကြောင့် ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို ပြောင်းရွှေ့ရကြောင်း သိရသည်။

ဗစ်တိုးရီးယားပြည်နယ်၌ အပူလှိင်းဖြတ်မှုသည် တော မီးလောင်မှုများအထိ ဖြစ်လာရာ ဒေသခံပြည်သူထောင်ပေါင်းများစွာအား ဘေးလွတ်ရာသို ပြောင်းရွှေ့ရန် တာဝန် ရှိသူများက ဖေဖော်ဝါရီလ ၂၈ ရက်တွင် သတိပေးချက်ထုတ်ပြန်ခြင်း ဖြစ်သည်။

ကျေးလက်ဒေသများတွင် တောမီးလောင်မှု ဖြစ်ပွားလာနိုင်ခြင်းကြောင့် ဒေသခံပြည်သူ ၃၀,၀၀၀ ကျော် အား ဘေးလွတ်ရာသို ပြောင်းရွှေ့ရန် တာဝန်ရှိသူများက သတိပေးထားသည်။

လက်ရှိအချိန်တွင် မီးသတ်သမား ရာပေါင်းများစွာသည် ဘေလာရတ်မြိုအနီး လောင်ကျွမ်းနေသော တောမီးကို အပူတပြင်း ငြှိမ်းသတ်နေရပြီး အဆိုပါတောမီးကြောင့် နေအိမ်ခြောက်လုံးနှင့် မြေဧရိယာ ဟတ်တာ ၂၀,၀၀၀ ကျော်လောင်ကျွမ်းသွားပြီ ဖြစ် ကြောင်း China Daily သတင်းဌာနတွင် ဖော်ပြထားသည်။