ကုန်စျေးနှုန်းသတင်း


ဖေဖော်ဝါရီ ၂၉

ဖေဖော်ဝါရီလ ၂၉ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ မြင့်တက်လာပေမယ့် ကုလားပဲ၊ စားတော်ပဲနဲ့ ပဲကြီးဈေးတွေကတော့ ဆက်တိုက် ကျဆင်းနေပါတယ်။

ငရုတ်ဈေးလည်း ကျဆင်းလာပါတယ်။ ကြက်သွန်ဖြူဈေး အနည်းငယ် တက်လာပေမယ့် ကြက်သွန်နီဈေးကတော့ ဈေးငြိမ်နေပါတယ်။

မတ်ပဲ (FAQ/RC) တစ်တင်းကို ၉၅,၈၂၀ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်းကို ၁၀၂,၅၇၀ ကျပ်၊ မတ်ပဲ (Raw) တစ်ပိဿာကို ၄,၇၈၀ ကျပ်ကနေ ၄,၈၂၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၁၈,၉၇၀ ကျပ်၊ ကုလားပဲဖြူလုံး တစ်ပိဿာကို ၄,၄၁၅ ကျပ်ကနေ ၄,၅၈၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၅,၂၁၅ ကျပ်ကနေ ၆,၃၇၅ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၀၄၀ ကျပ်ကနေ ၁,၀၆၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၂,၈၃၀ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲပုပ် မြစ်ဝကျွန်းပေါ် (ဆီတိုး/ အထွက်တိုး) တစ်ပိဿာကို ၃,၀၈၀ ကျပ်ကနေ ၃,၂၂၀ ကျပ်၊ စားတော်ပဲ တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၅,၈၃၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၂,၀၀၀ ကျပ်ကနေ ၃,၈၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၉,၈၀၀ ကျပ်ကနေ ၉,၉၀၀ ကျပ်၊ ငရုတ် (ပန်းရဲ) တစ်ပိဿာကို ၈,၇၀၀ ကျပ်ကနေ ၉,၀၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၁,၉၀၀ ကျပ်ကနေ ၂,၄၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၃,၇၀၀ ကျပ်ကနေ ၅,၈၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၁,၉၀၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၀၇၀ ကျပ်ကနေ ၄,၁၀၀ ကျပ်၊ ငါးရွှေ တစ်ပိဿာကို ၁၅,၀၀၀ ကျပ်ကနေ ၃၀,၀၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ၏ ထုတ်ပြန်ချက် အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၆၅ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၃,၆၄၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၂,၇၀၀ ကျပ် ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD) ၏ နေ့စဉ် ထုတ်ပြန်ချက်အရ –
-Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၇၇၀ ကျပ်၊ မန္တလေးမှာ ၂,၈၁၅ ကျပ်၊ နေပြည်တော်မှာ ၂,၈၁၀ ကျပ်။
-Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၈၈၅ ကျပ်၊ မန္တလေးမှာ ၂,၉၃၅ ကျပ်၊ နေပြည်တော်မှာ၂,၉၃၅ ကျပ်။
-ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၆၅ ကျပ်၊ မန္တလေးမှာ ၂,၆၁၀ ကျပ်၊ နေပြည်တော်မှာ ၂,၆၀၅ ကျပ်။
-Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၁၀ ကျပ်၊ မန္တလေးမှာ ၂,၆၆၀ ကျပ်၊ နေပြည်တော်မှာ၂,၆၅၅ ကျပ် ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၃,၆၆၅,၅၀၀ိ/-) သုံးဆယ် ခြောက်သိန်း ခြောက်သောင်း ငါးထောင် ငါးရာ ကျပ် ရှိပြီး ပြင်ပ ပေါက်ဈေးမှာ (၃,၉၃၅,၀၀၀ိ/-) သုံးဆယ် ကိုးသိန်း သုံးသောင်း ငါးထောင် ကျပ် ရှိနေတယ်လို သိရပါတယ်။