ချောင်းဦးမြို့နယ်၊ ကျောက်တန်းကျေးရွာအနီး အကြမ်းဖက် PDF များ၏ လက်နက် ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


ဖေဖော်ဝါရီ ၂၉

ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ချောင်းဦးမြို့နယ်၊ ကျောက်တန်းကျေးရွာအနီး လုံခြုံရေးအဖွဲ့များမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် အကြမ်းဖက် PDF များ၏ လက်နက်ခဲယမ်းနှင့် ဆက်ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

သိမ်းဆည်းရရှိသော ဆက်စပ်ပစ္စည်းများမှာ လက်လုပ်သေနတ်(အတို) ၂ လက်၊ လက်လုပ်သေနတ်(အရှည်) ၅ လက်၊ လက်လုပ်စိန်ပြောင်း ၃ လက်၊ ယမ်းမှုန့်(၅ ပိဿာ) ၁ ထုပ်၊ လက်လုပ်မိုင်းမျိုးစုံ ၅ လုံး၊ လူနေတဲ ၅ လုံး တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။