PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ကလေးတက္ကသိုလ် အတွင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှပြောင်းပေးအပ်


ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးတက္ကသိုလ်အတွင်းရှိ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများအား ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် အကြမ်းဖက်သမား PDF များက ဖမ်းဆီးရန်ကြိုးစားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲဝင်များက အချိန်မီသွားရောက်ကယ်တင်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ ၂၈၅ ဦးအား ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကလေးတက္ကသိုလ်ရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၂၈၅ ဦးတို့အား ယနေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကလေးမြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်ခန်းမ၌ တွေ့ဆုံအား ပေးစကားပြောကြားပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ များအားနေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံကာ မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။