အကြမ်းဖက် KIA,PDF အဖွဲ့၏ Drop Bomb ချတိုက်ခိုက်မှုကြောင့် ကျောင်းဝန်းအတွင်း စင်္ကြံလျှောက်နေသော ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တော်မူ


ဖေဖော်ဝါရီလ ၂၆

ယမန်နေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ပေါမမြိုင်ကျေးရွာတွင် အကြမ်းဖက် KIA/PDF များ၏ အကြောင်းမဲ့ Drop Bomb ချတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါး ဗုံးစထိမှန်‌၍ ပျံလွန်တော်မူသွားကြောင်း သိရှိရသည်။

အဆိုပါ ကျေးရွာ၏ ရွာဦးဘုန်းကြီးကျောင်းတွင် ထီးချိုင့်မြို့ရွှေဟင်းတံကျောင်းတိုက်မှ လာရောက်သီတင်းသုံးနေသည့် ဆရာတော် ဥူးစန္ဒာဝရ သက်တော် ၇၁ နှစ်သည် ကျောင်းဝင်းအတွင်း စင်္ကြံလျှောက်နေစဉ် အကြမ်းဖက်သမားများ၏ Drop Bomb ချတိုက်ခိုက်မှုကြောင့် ဝဲဘက်ဦးခေါင်း ဖောက်ဝင်ဒဏ်ရာပြင်းထန်စွာရရှိပြီး ၎င်းနေရာတွင် ပျံလွန်တော်မူသွားခဲ့ကြောင်း သိရှိရသည်။

ဒေသခံပြည်သူမျာက ယခုလို ဘာသာရေးကျောင်းဝန်းအတွင်း Drop Bomb ချတိုက်ခိုက်မှုသည် လွန်စွာစက်ရှုတ်ရွံရှာဖွယ်ကောင်းသော လုပ်ရပ်အဖြစ် ပြောဆိုနေကြကြောင်း သိရှိရသည်။

PAN