ဆင်ဘိုမြို့နှင့် ၃ မိုင်ခန့်အကွာရှိ တပ်မတော်ရှေ့တန်းတပ်စခန်းကို KIA/PDF ပူးပေါင်းအဖွဲ့များက လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲ ပြင်းထန်နေ


ဖေဖော်ဝါရီ ၂၆

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့နှင့် ၃ မိုင်ခန့်အကွာရှိ တပ်မတော်ရှေ့တန်းတပ်စခန်းကို KIA/PDF ပူးပေါင်းအဖွဲ့များက ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစတင်ကာ တိုက်ခိုက်လာသဖြင့် လက်ရှိအချိန်ထိတိုက်ပွဲများ ပြင်းထန်စွာဖြစ်‌ပေါ်လျှက်ရှိနေကြောင်း သိရှိရသည်။

ထို့ကြောင့် ဒေသခံများ နေရပ်စွန့်ခွာ၍ ရှောင်တိမ်းနေကြရကြောင်း၊ အချို့မှာတိမ်းရှောင်ချိန်မရလိုက်သော ဒေသခံများလည်းရှိသေးကြောင်း သိရှိရသည်။

တိုက်ပွဲများမကြာခဏဖြစ်နေပွား‌နေသည့်အတွက် တိမ်းရှောင်ချိန်မရလိုက်သည့်ဒေသခံများနှင့် နေရပ်စွန့်ခွာလာသည့် ဆင်ဘိုမြို့ပေါ်နှင့် အနီးကျေးရွာများမှ ဒေသခံပြည်သူများကို ခရီးသွားလာခြင်းနှင့် မြို့ပေါ်သို့ ဝင်/ထွက်သွားလာခြင်းများမပြုလုပ်ရန် ဖေဖော်ဝါရီ ၂၄ ရက်နေ့က တင်းကြပ်စွာကန့်သတ် တားမြစ်ထားကြောင်း၊ ၎င်းတို့စခန်းချနေသည့် အနီးပတ်၀န်းကျင်ရှိ ပြည်သူများ/အမျိုးသမီးများကို KIA/PDF ပူးပေါင်းအဖွဲ့များက စခန်းရှိတပ်ဖွဲ့ဝင်များအတွက် ထမင်းချက်ရန် အလှည့်ကျဆင့်ခေါ်နေခြင်းများလည်းရှိနေကြောင်း ဒေသသခံများထံမှ သိရှိရသည်။

PAN