ကလေးမြို့နယ်တွင်၊ အကြမ်းဖက် CNDF အမည်ခံအဖွဲ့မှ ဒုစစ်ဦးစီးချုပ်ဆိုသူနှင့်၎င်း၏အဖွဲ့ဝင် ၃ ဦးကို ပစ်ခတ်ရှင်းလာရာ အသေဖမ်းဆီးရမိ


ဖေဖော်ဝါရီ ၂၄

ဖေဖော်ဝါရီ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် စကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် နယ်မြေရှင်းလင်းရေးစစ်ကြောင်းနှင့် အကြမ်းဖက် CNDFများထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသိရှိရပြီး အကြမ်းဖက်အဖွဲ့မှ ဒုစစ်ဦးစီးချုပ်အပါဝင် CNDF နှင့် ၎င်း၏အဖွဲ့ဝင်များကို ပစ်ခတ်ရှင်းလင်းရာ အသေဖမ်းဆီးရမိကြောင်း သိရှိရသည်။

ဒေသတွင်း သတင်းအရင်းမြစ်များအရ ယမန်‌နေ့က ထောက်ကြံ့ရွာအနီးမှာ အကြမ်းဖက် CNDF အဖွဲ့မှ ဒုစစ်ဦးစီးချုပ်ဆိုသူ ဆလိုင်းဒေးဗစ်နယူး၊ ၎င်းအဖွဲ့ဝင် အမျိုးသမီးရွှေနွမ်ကိမ် နှင့် အဖွဲ့ဝင် အေမောစ်ဗန်နိုက်လျန်တို့ကို အသေပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း စက္ကန့်ရွာထိ‌တွေ့တိုက်ပွဲတွင် အကြမ်းဖက်CNDF အဖွဲ့ဝင် ဆလိုင်းမန်ပူသည်လည်း ၎င်းတို့၏ကိုယ့်မိုင်းကို နင်းမိ၍ သေဆုံးသွားကြောင်း သိရှိရပါသည်။

အဆိုပါ အကြမ်းဖက်CNDF သည် ဖလမ်းမြို့နယ်နှင့်ကလေးမြို့တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် အကြမ်းဖက်လှုပ်ရှားနေသော ချင်းလူမျိုးအဖွဲ့များ ဖြစ်ကြောင်း သိရှ်ိရပါသည်။

PAN