ဝိုင်းမော်မြို့တွင် ရပ်ထားသော သုံးဘီးဆိုင်ကယ်ကို ဆိုင်ကယ်တစ်စီးမှ ဝင်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်လာသူ သေဆုံး


ဖေဖော်ဝါရီ ၂၂

ယမန်နေ့ ညနေ ၅ နာရီချိန်ခန့်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ၀ိုင်းမော် – ဝါရှောင်လမ်းမကြီးရှိ နှစ်ခြင်းဘုရားကျောင်းအနီး လမ်းဘေး၌ရပ်ထားသည့် သုံးဘီးဆိုင်ကယ်ကို ဆိုင်ကယ်တစ်စီးမှ ဝင်တိုက်မှုဖြစ်ပွားကြောင်း သိရှိရသည်။

အဆိုပါ ရပ်ထားသော သုံးဘီးဆိုက်တွဲကို ဆိုင်ကယ်တစ်စီးမှ အရှိန်နှင့်မောင်းနှင်လာပြီး ဝင်တိုက်မှုဖြစ်ပွားရာ ဝိုင်းမော်မြို့ ၊ ရပ်ကွက် (၃)တွင်နေထိုင်သူ အသက် ၂၈ နှစ်အရွယ် ဦးချစ်အောင်(ကျောင်းဆရာ)ဆိုသူ ဇက်ကျိုးကာ ပွဲချင်းပြီးနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

သေဆုံးသူ၏ရုပ်အလောင်းကို ဝိုင်းမော်ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ထားခဲ့ကြောင်း ဖြစ်စဉ်အား လိုက်လံကူညီပေးခဲ့သည့် မွန်မြတ်စေတနာလူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရပြီး ၎င်းယာဉ်တိုက်မှုကို တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းအတိုင်း အမှုဖွင့်လစ်၍ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

PAN