ချန်ပီယံလိဂ်ပြိုင်ပွဲဝင်နှစ်သင်းက စိတ်ဝင်စားနေချိန် ဂရင်းဝုဒ်အတွက် မန်ယူဈေးသတ်မှတ်

ဖေဖော်ဝါရီ ၂၂

မန်ယူအသင်းက ပြီးခဲ့သည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက စပိန်ကလပ် ဂီတာဖေး အသင်းထံ တစ်ရာသီ အငှားစာချုပ်ဖြင့် စေလွှတ်ထားသည့် လူငယ်တောင်ပံကစားသမား ဂရင်းဝုဒ်အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၄၀ သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။

အသက်၂၂ နှစ်အရွယ်ရှိ ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့နောက်ဆုံးရက်မှာ တစ်ရာသီအငှားနဲ့ ဂီတာဖေးကို ရောက်လာခဲ့ပါတယ်။

ဂရင်းဝုဒ်က ပြိုင်ပွဲအရပ်ရပ် ၂၄ ပွဲကစားပေးထားပြီး အဲဒီမှာ ၇ ဂိုးသွင်း၊ ၅ ဂိုးဖန်တီးပေးခဲ့၍ ဂီတာဖေးအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေသူဖြစ်ပါတယ်။

အဆိုပါကစားသမားကို ဂီတာဖေးအသင်းက ရာသီအကုန်တွင် အပြီးသတ်စာချုပ်ဖြင့် ခေါ်ယူရန် ပြင်ဆင်နေသကဲ့သို့ ထိပ်တန်းအသင်းကြီးများဖြစ်သည့် ဘာစီလိုနာအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်း တို့ကလည်း ခေါ်ယူရန်စောင့်ကြည့်လျက်ရှိကြောင်း သိရပါတယ်။