ဘားအံမြို့ရှောင်လမ်းသစ်တွင် ဇာတ်အဖွဲ့ပိုင်ကားတစ်စီး ရေမရှိသည့်ချောင်းအတွင်းတိမ်းမှောက်မှုဖြစ်ပွား


ဖေဖော်ဝါရီ ၂၀

ကရင်ပြည်နယ်၊ ဘားအံမြို့ရှောင်လမ်းသစ်တွင် ယမန်နေ့ နံနက်ပိုင်းက ဇာတ်အဖွဲ့ပိုင်ကားတစ်စီး ချောင်းအတွင်း၌ တိမ်းမှောက်မှုဖြစ် ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်)ထံမှ သိရှိရသည်။

ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က ဘားအံမြိုရှောင်လမ်းသစ်၏ ကြာအင်းတောင်ကြားလမ်းအတိုင်း ဇာတ်အဖွဲ့သားများနှင့်ဇာတ်အဖွဲ့ပိုင်ပစ္စည်းများကို တင် ဆောင်မောင်းနှင် လာသောဇာတ်အဖွဲ့ပိုင်ကားကြီးသည် အခင်းဖြစ်နေရာချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဥ်ကြောင့် ကားပေါ်တွင် လိုက်ပါလာသူများအနက် အမျိုးသား၊ အမျိုးသမီး ၁၄ ဦးတွင် (စိုးရိမ်ရနှင့်မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့သဖြင့် မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်)နှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် ထိခိုက်ဒဏ်ရာရရှိသူများအား လူမှုကူညီရေးအသင်းဝင်များက မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် ဘားအံမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်းသိရှိရပါသည်။

PAN