နွားထိုးကြီးတွင် NLD အမာခံ အမျိုးသားတစ်ဦးအား PDF အဖွဲ့ဝင်များမှ ဖမ်းဆီးသတ်ဖြတ်

ဖေဖော်ဝါရီ ၂၀


မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြဝတီကျေးရွာတွင် အမျိုးသားတစ်ဦးအား PDF အဖွဲ့ဝင်များမှ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်းသိရသည်။


ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးအားတွေ့ရှိကြောင်းကြောင်း ဒေသခံများ ပေးပို့ချက် သွားရောက်ကြည့်ရှု့ရာ နွားထိုးကြီးမြို့နယ် မြဝတီကျေးရွာတွင်နေထိုင်သည့် ဖိုးထောင်(ခ) မိုးဟိန်းအောင် ၃၃ နှစ်ဖြစ်ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဖိုးထောင်(ခ) မိုးဟိန်းအောင်၏ နေအိမ်သို့ PDF အဖွဲ့ဝင် ၅၀ ဦးခန့် ခဲရောင် 4-WHEEL ကားတစ်စီးနှင့် ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး အစည်းအဝေးလုပ်ရန်ရှိကြောင်း ပြောဆိုကာ ခေါ်ဆောင်သွာခဲ့ကြောင်းသိရသည်။


ထို့နောက် ဖိုးထောင်(ခ) မိုးဟိန်းအောင်အား မြဝတီကျေးရွာ ရွာလယ်လမ်းပေါ်တွင် သတ်ဖြတ်ခဲ့ကြောင်းသိရသည်။
သေဆုံးသူ ဖိုးထောင်(ခ)မိုးဟိန်းအောင်သည် မြဝတီကျေးရွာ ယခင် NLD ပါတီအမာခံတစ်ဦးဖြစ်ပြီး သေဆုံးချိန်တွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။

PAN