လက်နက်ခဲယမ်းတွေ ထပ်လိုနေကြောင်း ယူကရိန်းသမ္မတပြော


ဖေဖော်ဝါရီ ၁၉

ဥရောပဒေသတွင် နောက်ထပ်အဖြစ်ဆိုးကြီးတစ်ခုအား ရှောင်ရှားနိုင်ရန် နောက်ထပ်လက်နက်ခဲယမ်းများ လိုအပ်နေကြောင်း ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇယ်လန်းစကီးမှ တောင်းဆိုလိုက်သည်။

အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် ယူကရိန်းသို့ လက်နက်ထောက်ပံ့မည့် အစီအစဉ်အား ရီပတ်ဘလစ်ကန် ပါတီအမတ်များမှ ကန့်ကွက်နေသည့်အတွက် ယူကရိန်း၏ ရှေ့တန်းစစ်မျက်နှာပြင်များတွင် လက်နက်ခဲယမ်းပြတ်တောက်မှုများ ဖြစ်ပေါ်နေသည်။

ယူကရိန်းသမ္မတ ဇယ်လန်းစကီးမှ သမ္မတဟောင်းထရမ့်ကို ယူကရိန်းသို့ လာရောက်ရန် ဖိတ်ခေါ်နေပြီး “ထရမ့်သာ လာမယ်ဆိုရင် သူနဲ့အတူ ရှေ့တန်းကို သွားဖို့ အသင့်ရှိတယ်”လို့ သူကဆိုပါတယ်။

ထိုကဲ့သို့ လက်နက်ခဲယမ်းပြတ်တောက်မှုကြောင့် ယူကရိန်း၏ နောက်ထပ် အရေးပါသည့် မြို့တစ်မြို့ဖြစ်သည့် အက်ဒီ့ကာမြို့ဟာ ရုရှားတပ်ဖွဲ့ဝင်များ တိုက်ခိုက်သိမ်းယူခဲ့သည်။

ရုရှားနှင့်ဖြစ်ပွားနေသည့် စစ်ပွဲတွင် ယူကရိန်းအနေဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ အထောက်အပံ့ကိုသာ မီခိုနေရပြီး အဆိုပါ အထောက်အပံ့များ ပြတ်တောက်သွားသည့်နှင့် တပြိုင်နက်ကျဆုံးသွားနိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။

PAN