ပခုက္ကူမြို့ မြဧရာ(၁)ခန်းမတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်


ဖေဖော်ဝါရီလ ၁၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ/မြို့ဖများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ဥပဒေအရာရှိနှင့်တာဝန်ရှိသူတို့မှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။